ep (6) zg

3.3K 152 2
                                    

ထိုနေ့မှစလို့ ရွှေမြတ်တို့ ကျူရှင်မှာ ၁၀တန်းနှစ်ကျရွှေမြတ်နဲ့အတန်းတူ ထက်အောင်ထက် အရပ်ရှည်တဲ့လူတစ်ယောက် ပိုတိုးလာပါသည်။ မျက်နှာကတည်တည် လူတွေကို ဂရုမစိုက်တဲ့ပုံနဲ့ ထိုလူကို ကျူရှင်ကကလေးတွေအကုန်ရှိန်ကြသည်။ ရွှေမြတ်ပါအပါအ၀င်ပေါ့၊၊
သူတို့အိပ်ချိန်စားချိန် စီမံပေး ပြောစရာရှိတာပြော၊ စာကြည့်ပေးဘာညာကတော့ ရွှေမြတ်တာဝန်မို့ တအားရှောင်လို့လည်းမရပါ။

ရွှေမြတ်ကလူတစ်မျိုး ဖေဖေ့ရှေ့မှာကလေးတွေကို မျက်နှာတည်နဲ့ဆက်ဆံပေ
မယ့် နောက်ကွယ်ဆိုကလေးတွေနဲ့တအားရောသည်။ ဥပမာ ဖေဖေမသိခင်ကလေးတွေနဲ့ပိုက်ဆံစု၊ ညဘက်ဖေဖေပြန်သွားရင် ညတိုင်းတခုမဟုတ်တစ်ခု လုပ်စားတာမျိုး၊ စာကျက်နေတဲ့လူတွေကို စာမကျက်မှာဆိုးလို့ ကြည့်ပေးနေရင်း ကိုယ်ပါစကားတွေပြော ရီမောနေတက်တာမျိုးတွေက ဖေဖေရော ဘာသာရပ်ဆရာတွေပါမရိပ်မိတဲ့အချက်။ကိုယ်မကောင်းတာ လူမသိစေရ၊ ဆရာတွေရောက်လာရင်တော့ မျက်နှာကခပ်တည်တည်သာ။

အခုလည်း ညကျသင်္ဘောသီးထောင်းထောင်းစားဖို့ ဉီးကုလားကြီးကိုအကုန်မှာပြီးပြီ။ ပြောရရင်ဉီးကုလားကြီးကကြံရာပါ၊ ဟိုတစ်ယောက်ကိုတော့ဒီညခေါ်ကြည့်မယ် စားတာမစားတာသူ့အပိုင်း။တစ်ယောက်တည်းချန်ထားရင် မကောင်း ကိုယ်ကအကြီးအကဲလိုဖြစ်နေတာ မို့လည်းပါပါသည်။

ည၈နာရီမှာဖေဖေပြန်သွားပြီး ရွှေမြတ်တို့တွေနောက်ဖေးမီးဖိုချောင်က ဉီးကုလားကြီးမီးဖိုခန်းထဲမှာစုပြီး ဝိုင်းလုပ်နေကြခြင်းဖြစ်သည်။ ကလေးတွေကလည်းဝိုင်းလုပ် စကားတွေများ စနောက်နေကြတာမို့ ရွှေမြတ်ဟိုတစ်ယောက်ကိုခေါ်ကြည့်ရန် အပြင်သို့ထွက်လာလိုက်သည်။

"ထန်းရင်းရိုင် ဟိုငါတို့အထောင်းလုပ်စားဖို့ မင်းလည်းစားရင်လာလေ"

ခုံပေါ်ထိုင်ပြီးစာကျက်နေတဲ့ သူ့ကိုရွှေမြတ်လေသံအေးအေးနဲ့ပဲ ခေါ်လိုက်သည်။ မျက်နှာတည်နဲ့ သူကရွှေမြတ်ကိုထိုးဖောက်မတက်ကြည့်လာသည်။ တီရှပ်အပါးလေးနဲ့ဘောင်းဘီတိုကနေ့တိုင်းဝတ်နေကြပါ ဒီနေ့မှဟိုနားမလုံသလိုဒီနားမလုံသလိုခံစားနေရတာပါလိမ့်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now