ep (8)

6.9K 591 11
                                    

ညဥ့်အမှောင်ဖုံး၍ အလင်းရောင်မပီသတော့သည့်ချိန်တွင်MYAT ကျူရှင် ခေါင်းရင်းပိတောင်ပင်ကွယ်၌ အတွဲတစ်တွဲ။
အရပ်ရှည်ရှည် အသားညိုညိုနဲ့တစ်ယောက်က အရပ်ပုပု အသားဖြူဖြူလူတစ်ဦးကို ထွေးပိုက်ထားသည်။

"ထန်း"

"ဟွန်~"

နာရွက်ဖျားလေးကို ကိုက်၍ဟွန်ခနဲ ထူးသောအသံက သရဲကြောက်တာကြောင့်မဟုတ်ဘဲ ရွှေမြတ်ကြက်သီးတွေထလာသည်။

"ဟိုလေ သတင်းကျွတ်ကျောင်းပိတ်ရင် အိမ်ပြန်မှာလား"

"အချစ်က ဘယ်လိုလုပ်စေ့ချင်လည်း"

အမှန်ဆိုရွှေမြတ်သူ့ကိုပြန်မလွှတ်ချင်ပါ ဒါပေမယ့်သူက အိမ်နဲ့ငါးလနီးပါး ဝေးထားရသည်မလား၊ ပြီးတော့ ထန်းအဖေဆိုတာလည်း တခါမှကျူရှင်ကိုရောက်မလာ။မပြန်နဲ့လို့လည်းမပြောရက်

"ကိုယ်မပြန်ပါဘူး"

"တကယ်"မျက်လုံးပြူးပြူးလေးကိုမှ အံ့သြ၀မ်းသာသံလေး​နဲ့ အချစ်ကိုထားပြီးထန်းကဘယ်လို ပြန်ရက်ပါ့မလည်း။

"အွန်း အဲ့တော့ပိတ်တဲ့ ၇ရက်လုံး အချစ်တို့အိမ်မှာလာနေမှာ၊ ဆရာ့ကိုပြောပြီးပြီ"

"ဟိဟိ ..၀မ်းသာလိုက်တာ"

ထန်းရင်ခွင်ထဲက အသက်လေးက ထန်းလက်ကအမွှေးလေးတွေကို ဆွဲဆွဲပြီး ရီသံလေးထွက်လာသည်။

"အာ့ဆို၊ ထန်းဘယ်မှာနေမှာလည်း "

"အချစ် ဆီမှာပါဆို"

"ဟုတ်ဘူးလေ အခန်းကိုပြောတာ ..အိမ်မှာက..ဖေဖေရယ် ငါရယ်နေတဲ့အခန်းနှစ်ခန်းပဲရှိတာလေ"

"အချစ်ခန်းမှာပဲနေမှာပေါ့"

"ပေးမနေပါဘူး..ဟွန့်"

ထန်းသိတာပေါ့ ထန်းရင်ခွင်ထဲက နှုတ်ခမ်းဆူဆူနဲ့ကလေးလေး မျက်နှာတွေနီနေပြီဆိုတာကို

"ယောက္ခထီးကြီးနဲ့ တူတူမအိပ်ချင်ပါဘူး"

"အမယ် ဘာယောက္ခထီးလည်း၊ဖယ်တော့ စာကျက် ကလေးတွေသွားကြည့်ဦးမယ်။နောက်တစ်ခေါက်ပြန်လာရင် စာရှစ်စာဆိုရမယ် ဆရာကြီးပြန်ကျက်ခိုင်းခဲ့တယ်မလား"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now