ep (22)

5.7K 560 62
                                    

တိတ်ဆိတ်နေတဲ့အခန်းငယ်။ မှောင်မိုက်ခြင်းအတိဖြစ်နေတာမို့ အလင်းဆိုတာ လုံး၀မတွေ့ရ။ ထိုအချိန် အခန်းငယ်ရဲ့ထောင့်က လျှို့ဝှက်တံခါးကို တွန်းဖွင့်လိုက်တဲ့လူတစ်ယောက်။

ဂျင်းအနက်ကိုမှ T -shirt အဖြူအကျပ်နဲ့ တွဲဖက်၀တ်ထားတာထိုလူဟာ ပတ်၀န်းကျင်အခြနေကြည့်ပြီး ထိုအခန်းငယ်လေးထဲ၀င်သွားသည်။

ကျွီ..

"လွှတ်! လွှတ်ပေးစမ်း ဘယ်သူဖမ်းလာတာလည်း သတ္တိရှိရင် မျက်နှာချင်းဆိုင်ရှင်းစမ်း နောက်ကွယ်က ခိုးကြောင်ခိုးဝှက်မလုပ်စမ်းနဲ့"

ထိုအခန်းငယ်ထဲမှာ သရုပ်ပျက်စွာ အော်ဟစ်နေတဲ့ လူတစ်ယောက်။

ဖြောက်!

ထန်းလက်ဖြောက်တီးလိုက်တော့ ထန်းရဲ့လူတစ်ယောက်က အော်ဟစ်နေတဲ့ ထိုလူကိုစည်းထားတဲ့ အ၀တ်တွေကိုသွားဖယ်သည်။

"ထန်း!!!"

ထိုလူက အံ့သြနေတဲ့မျက်လုံးတွေနဲ့ ထန်းကိုကြည့်တာမို့ ထန်းနှုတ်ခမ်းတစ်ဖက်ကွေးကာပြုံးပြလိုက်သည်။

"အွန်း~"

"တို့ ..တို့ကိုဘာလို့ဖမ်းလာတာလည်း တို့ဘာအမှားလုပ်လို့လည်း။လွှတ်ပေး"

ထန်းခပ်ဟဟရီမိသည်။ဒီလူက ဦးနှောက်မကောင်းဘူးနဲ့တူတယ်။

"လွန်ခဲ့တဲ့၃နှစ်.."

"ဟင်"

"လွန်ခဲ့တဲ့၃နှစ်က ငါ့လူကိုမင်းဘာလုပ်ခဲ့လည်း"

"ဘာကိုပြောချင်တာလည်း "

မသိနားမလည်တဲ့ပုံစံနဲ့ပြောနေတဲ့ ထိုလူမျက်နှာကမလုံစွာ။

"မင်းငါ့လူကို လွန်ခဲ့တဲ့၃နှစ်က ကားနဲ့တိုက်ခဲ့တာလေ မမှတ်မိလို့လား ဟင်~~"

လေသံအေးအေးလေးနဲ့ပြောနေတဲ့ ထန်းက တကယ့် စိတ္တဇလူသတ်သမားအတိုင်း။

"ငါ..ငါမသိဘူး အားးးး!!!"

လက်ညိုးတစ်ချောင်းက ပြတ်သွားပြီဖြစ်သည်။

"မင်းကို ငါသေချာပြန်ပြောရမလား။တစ်ခုပြောပြလိုက် တစ်ချောင်းဖြတ်လိုက်ဆို အဆင်ပြေမလား ဟင် ရုပ်လွှာ"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now