ep (33)🔞

8K 319 15
                                    


ရွှေမြတ်အိပ်ယာကနိုးလာတော့ ရွှေမြတ်ပေါင်ကိုခွပြီး တစ်ကိုယ်လုံးကိုဖက်ထားတဲ့ထန်း။ နာရီကြည့်လိုက်တော့ (3)နာရီထိုးဖို့ မိနစ်အနည်းငယ်သာလိုတော့သည်။ ရွှေမြတ်ထန်းဖက်ထားတဲ့လက်ကို ဖြည်းဖြည်းလေးဖယ်ပြီး အဲကွန်းကိုမြှင့်လိုက်သည်။ပူလောင်နေတာမို့ အအေးကြိုက်တဲ့ထန်းက ရွှေမြတ်ကြောင့်အအေးလျှော့ထားမှန်းရွှေမြတ်သိပါသည်။

ရေချိုးခန်းထဲ၀င်ပြီး မျက်နှာသစ်၍ အပြင်ကိုထွက်လာတော့ ရွှေမြတ်အမျိုးတွေကို ဝေရာကပြန်ပို့ဖို့စီစဥ်နေသည်။ ဖေဖေကလည်းပြန်မည်ဟုပြောထားသည်မို့ ဖေဖေ့အခန်းထဲ၀င်ပြီး ပစ္စည်းတွေကိုထုပ်ပေးလိုက်သည်။

"သား မင်းတို့အိမ်ကိုဘယ်နေ့လာမလဲ"

"ဒီမှာ ၅ရက်လောက်နေရဦးမယ်ထင်တယ်ဖေဖေ"

အခန်းထဲပစ္စည်းတွေလာယူတဲ့ ဖေဖေက ရွှေမြတ်ကိုပြောလာသည်မို့ ရွှေမြတ်ထင်တဲ့အချိန်ကိုပြောလိုက်သည်။

"အေးကွာ ကျောင်းတွေပိတ်ထားတော့ ဖေဖေသူငယ်ချင်းတွေနဲ့ နောက်၃ရက်လောက်နေရင် တောင်တက်သွားကြမလို့၊ သားတို့လာရင် ဖေဖေမရှိရင်စိတ်ပူနေမှာဆိုးလို့သား"

ရွှေမြတ်မင်္ဂလာဆောင်ကိုလာတဲ့ ဖေဖေ့သူငယ်ချင်းတွေက ဖေဖေ့ကိုအဖော်စပ်နေတာရွှေမြတ်ကြားပါသည်။ အသက်၅၀ကျော်ဖေဖေက ကျန်းမာရေးလိုက်စားပြီး သန်မြန်နေတုန်းမို့ တောင်တွေတက်နိုင်တာရွှေမြတ်သိပေမယ့် စိတ်တော့ပူသည်။ ဒီအဖေနဲ့ဒီသားနှစ်ယောက်ထဲရှိတာမို့ ဖေဖေ့ကျန်းမာရေးကိုရွှေမြတ်ကပဲအထူးဂရုစိုက်ရသည်။

"ဟုတ်ဖေဖေ ဂရုစိုက်သွားဦးနော်။ သားဖေဖေ့အိတ်ထဲ (5)သိန်းထည့်ပေးထားတယ်၊ သုံးနော် သိမ်းမထားနဲ့ဦး"

ဦးထင်မြတ်သားကိုခေါင်းညိမ့်ပြလိုက်သည်။ ဒီငွေတွေကသားရဲ့ပိုက်ဆံတွေမှန်းဦးထင်မြတ်သိသည်။ မယူဘူးလို့ငြင်းလည်းအတင်းထည့်ပေးမှာမို့ ငြိမ်နေလိုက်သည်။ သားပေးတော့လည်းလိုအပ်တဲ့နေရာတွေလှူပေးလိုက်မည် အရင်ကလည်းသူ့လစာတွေ ကိုယ့်ကိုပဲအပ်ပြီး လိုမှပြန်တောင်းနေကြမို့ သားပေးတာကိုအဖေတစ်ယောက်အနေနဲ့ ယူဖို့လက်တွန့်မနေပါ။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now