ep (30)

5K 398 10
                                    


~~နင်လေအချိန်တွေကြာရင်မေ့သွားမလား..နေချင်ပါတယ်နင်နဲ့မဝေးတစ်ဖဝါးမှ~~~

~~လိုချင်ယူသွား . မင်းလေးအတွက်အကုန်လုံး...ငါမငြိုငြင်ပါဘူး..ပေးဆပ်ချင်လို့~~~

~~ကံကြမ္မာကိုလေမယုံနိုင်လို့ကြားလား..ဒဏ်ရာတွေနဲ့နင်လေတစ်နေ့များမှ~~~ထားသွားမှာလား..~~~

~~~ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ... မင်းနဲ့ငါလမ်းခွဲဖို့..ရှေးတုန်းကဟောပြောခဲ့သလို မင်းကငါ့ရဲ့.... လိုနေတဲ့တစ်ခြမ်းပဲမို့~~~~

ကားပေါ်မှာပျံ့လွင့်နေတဲ့ သီချင်းသံ။ ထန်းကကားကိုလက်တစ်ဖက်နဲ့မောင်းရင်း တစ်ဖက်ကရွှေမြတ်လက်ကိုကိုင်ထားသည်။ မလုပ်နဲ့ပြောလည်းမရ ဇွတ်တရွတ်ကောင်။

"အချစ်ဘာလုပ်စားမလည်းဟင်"

ထန်းမေးလိုက်တော့အချစ်က တွေးဆဆပုံစံလေးနဲ့ထန်းကိုကြည့်လာသည်။

"ကွေ့သယိုလုပ်စားမလား"

"အချစ်ကလုပ်တက်လို့လား"

"ဘာခက်တာဟုတ်လို့လည်း"

"အဲ့ဒါဆိုသွား၀ယ်မယ်လေ လာ"

ထန်းနဲ့ရွှေမြတ်ဈေးထဲရောက်တော့ လိုအပ်တဲ့ပစ္စည်းတွေ တစ်ဈေးလုံးပတ်ပြီးလိုက်၀ယ်ကြသည်။

ရွှေမြတ်ကိုခေါ်လာတာတခြားနေရာတော့မဟုတ်ပဲခူးမြို့ထဲကိုပင်။ ဒါကိုခေါ်လာတဲ့လူက ဘယ်နေရာမှန်းမသိလို့ ရွှေမြတ်ကလမ်းပြရသေးသည်။ ဘာလို့မသိတဲ့နေရာခေါ်လာတာလည်းမေးတော့ ဝေရာကစီစဥ်ပေးပြီး ကားကလည်းဝေရာပဲမောင်းလာတာမို့ သူမသိရတာပါတဲ့။ တကယ့်ဘရုတ်။

ရွှေမြတ်တို့ဈေး၀ယ်ပြီးပြန်လာတော့ ခဏနားကြသည်။ ထန်းနဲ့အတူရှိရတာရင်ခုန်စရာကောင်းတာထက် လုံခြုံပျော်ရွှင်ရတဲ့စိတ်ကပိုကဲသည်။ သူ့အမှားတွေသိပြီး ပြင်လာမယ်လို့ရွှေမြတ်မျှော်လင့်ပါသည်။ ပြန်မပြောနားမထောင်ထန်းက တခါတလေနားလည်ရခက်ပေမယ့် ချစ််ဖို့ကောင်းတာတော့တကယ်။

ညနေခင်းရောက်တော့ ရွှေမြတ်တို့တွေကွေ့သယိုလုပ်စားကြသည်။ ရွှေမြတ်ကအသုပ်ကိုပိုကြိုက်ပေမယ့် ထန်းကကျရှုးရှဲဂူးဂဲစားရတဲ့ ပူပူလောင်လောင်ချဥ်ငံစပ်ရည်ကိုပိုကြိုက်သည်။ ရွှေမြတ်လုပ်ပေးတဲ့ အသားလုံးများများ၊ကြက်ရိုးများများနဲ့ ကွေ့သယိုအရည်ကို ထန်းကနှစ်ပွဲတိတိအားပေးသည်။ ထမင်းတောင်ချက်မစားဖြစ်ကြ။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now