ep (26)

4.8K 472 37
                                    

ရွှေမြတ် ထန်းဆေးရုံတက်နေရသည်ဟု ကြားရထဲက စိတ်တွေလုံး၀မတည်ငြိမ်တော့။ သွားတွေ့လိုက်ရင် ကောင်းမလားဟု တစ်ခါတစ်ရံစဥ်းစားမိပေမယ့် ထန်းမိန်းကလေးတစ်ယောက်ကို ဖက်ပြီးထွက်လာခဲ့တဲ့မြင်ကွင်းကိုပြန်စဥ်းစားမိရင် အဲ့လူဆီကိုသွားဖို့မပြောနဲ့ ရောက်လာရင်တောင်သူ့ကိုအသေသတ်ပြစ်ချင်သည်။


စာမလာအကြောင်းမကြားတဲ့အပြင် သူလုပ်နေတာတွေရွှေမြတ်တစ်ခုမှမသိရ။ အမှန်ဆို ရွှေမြတ်စိတ်ဆင်းရဲမှာကြောက်လို့ဆိုတာထက် သူကိုယ်တိုင်ကမပွင့်လင်းခဲ့တာ။ သူဒီလိုမိန်ကလေးတစ်ယောက်ကိုတွဲပြီး ပြသနာကိုဖြေရှင်းတော့ ရွှေမြတ်ကစိတ်မဆင်းရဲရဘူးထင်နေတာလား။

သူ့ဟာသူ ခိုး၊ဆိုး၊လု၊နှိုက်လုပ်ရုံမကလို့ မူးယစ်ဆေးပဲရောင်းနေပါစေဦး ရွှေမြတ်ပါ၀င်မကူညီပေးနိုင်ရင်တောင် တားမြစ်မှာတော့မဟုတ်၊ လိုအပ်လာလ်ို့အလောင်းဖျောက်ပေးရမယ်ဆိုရင်တောင် ရွှေမြတ်သူ့တွက်လုပ်ပေးနိုင်သည်။ အခုကအလုပ်မဟုတ်တာ၊ နောက်ကွယ်မှာဒီလိုလုပ်တာကိုလုံး၀ခွင့်မလွှတ်နိုင်။ ဒါရွှေမြတ်တွေ့သွားခဲ့လို့ပေါ့၊ မဟုတ်ရင်ဘယ်ချိန်ထိ လိမ်ညာနေဦးမှာလည်းမသိ။

"သား အပြင်မှာ ထန်းသူငယ်ချင်းရောက်နေတယ် ၊ သားနဲ့စကားပြောချင်လို့တဲ့ ခဏထွက်ခဲ့ဦး"

ရွှေမြတ်အိပ်ယာပေါ်မှာ နှဖူးပေါ်လက်တင် စဥ်းစားနေတုန်း ဖေဖေ့အသံ။

"ဟုတ် ဖေဖေ"

ဘာတွေပြောလာဦးမလည်းမသိ၊ သူလာတော့လည်း ထန်းအခြေနေသိရတာပေါ့။ဒါလည်းကောင်းတာပဲ။

"ဘာပြောဖို့လည်းဝေရာ"

ဝေရာက ပြောဖို့ခက်နေသလိုမျိုးရွှေမြတ်ကိုကြည့်လာသည်မို့။

"ခြံထဲသွားမလား"

"ဟုတ်အကို"

ကျေနပ်သွားသလိုဖြစ်သွားတဲ့ ဝေရာ့အသံကြောင့် ရွှေမြတ်ခြံထဲကိုခေါ်လာလိုက်သည်။

"ဟို ..အ ..အကို"

"ပြောပါ ဘာပြောမို့လည်း"

"ထန်းကကျွန်တော့်ကိုကော အကုန်လုံးကိုမှတ်မိသွားပါပြီ ၊ အခုလည်းအိမ်ထဲမလာရဲလို့ ကားထဲမှာစောင့်နေတာ အဲ့တာခဏလောက်ထွက်တွေ့ပေးပါလား"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now