ep (9) zg

3K 141 0
                                    

ယနေ့ MYAT ကျူရှင်တွင်စာကျက်သံတွေအစား သီချင်းဆိုသံ တွေညံနေပါသည်။ထက်အောင်က ဂစ်တာကိုင်၍တခြားယောက်ျားလေးတွေက သီချင်းတွေအော်ဆိုနေကြသည်။ မနက်ဖြန်ကစပြီး ကျောင်းရော ကျူရင်ပါ(၇)ရက်ပိတ်ကြတော့ ဆရာမတွေကန်တော့ရင်း ပျော်ပွဲစားသဘောမျိုး လုပ်ချင်ကြသည်ဟု ခွင့်တောင်းကြ၍ ဖေဖေကစီစဉ်ပေးခြင်းဖြစ်သည်။

မနက်ခင်းဆရာမတွေကိုကန်တော့ စားကြသောက်ကြပြီး မိန်းကလေးတွေကပြန်သွားကြသည်။ ညဘက်ကြတော့ဂီတာ တစ်လက်နှင့် သောင်းကျန်းနေကြခြင်းကြောင့် ဖေဖေရယ်ဆရာတွေရယ်ကစောင့်ပေးပြီး စကားပြောနေကြသည်။

ရွှေမြတ်စိတ်မကြည်နေပါ။ ဆရာမရုပ်လွှာပြန်ဖို့ကို ဖေဖေကထန်းကို တာဝန်ပေးလိုက်သည်။ ၁၅မိနစ်မောင်းရင်ရောက်တယ်ဆို အသွားအပြန် နာရီဝက်ပေါ့၊ ခုတော့ နာရီဝက်ကို၃မိနစ်စွန်းနေပြီ။ စိတ်ပူသလိုလို စိတ်တိုသလိုလိုခံစားချက်ကြီး။

"ကိုကြီး ဒီမှာကြည့်စမ်း ဒီကောင်မိန်းမလိုဝတ်ပြီး ဖင်ပြောင်ကြီးနဲ့ ဝေဘာဖြစ်တယ်ရီစရာကြီးနော် ဟားဟားဟား"

စာကလေးကောင်က ရွှေမြတ်ဖုန်းကို ကလိပြီး fbမှာခေတ်စားနေတဲ့ ဖင်ပြောင်ကောင်ကိုလာပြသည်။ စာကလေးကမျက်မှန်သမားမို့ စာပုစိလေးတွေဖတ်မရတော့ ရွှေမြတ်နားလာပြီး သူ့ဟာသူရီလိုက် ပြူးပြဲကြည့်လိုက်နဲ့ စောက်မြင်ကတော်တော်ကပ်လာပြီ။

"မရီရပါ အစုတ်အပျက်"

"ဟာ ကိုကြီးရွှေမြတ်ကလည်း ဘာဖြစ်နေတာလည်း သားကရီစရာလေးပြတာကို၊ ဘာစိတ်ညစ်စရာရှိလည်း သားသားကိုပြော"

"ချီးကို သားသားဟဖယ်စမ်း အရူး"

"ဟော်ဟိုမှာ ထန်းရင်းရိုင် ပြန်လာပြီ"

"ဟေ ဟုတ်လား ဘယ်မှာလည်း"

"ဟိုမှာလေ ခရေပင်အောက်မှာ ဒီကောင်အိမ်ထဲအ၀င်ဘဲ ဘာလုပ်နေတာလည်း။ သားသွားကြည့်လိုက်မယ် ဖုန်းခဏပေးထားဉီးနော် သီချင်းလေးတွေကြည့်ချင်လို့"

ရွှေမြတ် ကပျာကယာထပြီး စာကလေးကိုငုံ့ပြောလိုက်သည်။

"နေခဲ့ အဲ့မှာဖင်ပြောင်နောက်တစ်ကောင်ရှိသေးတယ် ထပ်ရှာကြည့်လိုက်၊နောက်တစ်ယောက်ကပိုရီရတယ်။ငါထန်းဆီသွားလိုက်မယ်"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now