ep (32) zg

1.6K 80 0
                                    

"ဝေရာ ငါ့ကိုခန်းမထဲတစ်ချက်သွားကြည့်ပေးဉီး ဘာလိုအပ်လဲ"

ထန်းကသတိုးသားဝတ်စုံကို သေချာပြင်ဆင်နေရင်း ဝေရာဘက်လှည့်လို့ပြောလာသည်။

"အေး ငါသွားလိုက်မယ်။ဧည်သည်တွေတော့ရောက်နေပြီ၊ အကိုကလည်းအဆင်သင့်ဖြစ်နေပြီ။မင်းရောပြီးပြီလား ဘာကူညီရဉီးမလဲ"

ထန်းကတိုက်ပုံကိုသေချာနေရာချရင်း လှည့်မကြည့်လာဘဲခေါင်းခါပြသည်။

အော် ထန်းတောင်ယောက်ျားရတော့မည်။ထန်းတို့အတွဲကိုဝေရာတခါတလေအရမ်းအားကျပါသည်။ အကို့လိုစိတ်ဓာတ်မျိုးနဲ့ထန်းလိုလူမျိုးကတကယ်လိုက်ဖက်ညီသည်။ ထန်းလိုမေတ္တာငတ်မွတ်နေတဲ့လူနဲ့ အကို့လိုထန်းကိုချစ်တက်ပုံ၊မေတ္တာထားတက်ပုံက တကယ့်နေနဲ့လ ရွှေနဲ့မြဆိုတာမျိုး။






~မင်္ဂလာရှိသောနေ့သို့ရောက်ခဲ့ပြီ..လက်ထပ်ပွဲကြီးကျင်းပကြတော့မည်.~~

ခန်းမထဲမှာပျံ့လွင့်နေတဲ့မင်္ဂလာသီချင်းလေးက ရွှေမြတ်အတွက်ကြည်နူးရင်ခုန်မှုလေးဖြစ်စေသည်။ ရွှေမြတ်တို့ဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေ၊ အတားဆီးတွေ ၊ဝေးကွာခဲ့ရလွမ်းခဲ့ရတာတွေက ဒီနေ့တစ်နေ့ထဲနဲ့အရာအားလုံးကိုကုစားနိုင်သည်။


ရွှေမြတ်ဟာထန်းရင်းရိုင်ဆိုတဲ့လူနဲ့။ တွေးရင်းမျက်ရည်တွေဝဲလာတာမို့ အတွေးဆကိုရပ်ရသည်။ ထိုလူနဲ့နိုးထရမဲ့မနက်ခင်းတွေ၊ လင်ယောက်ျားရယ်လို့ဖြစ်လာရင် ကြုံလာရမဲ့ကတောက်ကစလေးတွေတွေးမိပြန်တော့ရင်ဖိုရပြန်သည်။


ဘယ်လိုပြောရမလည်း၁၀တန်းအောင်သွားတဲ့ခံစားချက်မျိုး။ တက္ကသိုလ်တက်ရတော့မှာမို့ရင်ခုန်စိတ်လှုပ်ရှားရသလိုမျိုး။လူတွေကပြောကြတယ် လက်ထပ်လိုက်ရင်ထိုလူနှစ်ယောက်ရဲ့ဇာတ်သိမ်းက ပျော်ရွှင်စရာဇာတ်သိမ်းတဲ့။ ဆရာတွေကလည်းပြောကြတယ် မင်းတို့ဆယ်တန်းအောင်ရင် တက္ကသိုလ်မှာနေချင်သလိုနေရမှာfreeဆိုပြီးဂျင်းထည့်ကြသည်။

ဒါကအမှန်မဟုတ်။ ဆယ်တန်းအောင်ရုံနဲ့ ဘ၀ကြီးက နေချင်သလိုနေပြီးလွပ်သွားတာမျိုးမဟုတ်သလို လက်ထပ်ပြီးသွားတိုင်း ဘ၀ကြီးကပျော်ရွှင်စရာအဆုံးသတ်မဟုတ်မှန်း ရွှေမြတ်နားလည်သည်။ အိမ်ထောင်ရေးသုခ၊ဒုက္ခအဖြာဖြာကို ရွှေမြတ်တို့ခံစားရမည်။ ထိုအရာတွေကို ထန်းနဲ့တူတူခံစားရမည်မို့ စိတ်လှုပ်ရှားရသည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now