ညစာစားပြီးအိပ်ယာဝင်တော့သူရွှေမြတ်ခန်းကိုလိုက်လာသည် ခုမှမလာနဲ့ဘာညာသွားပြောလို့လည်းမဖြစ် ဖေဖေကရှိသေးသည်။ ဟိုးအရင်ကလည်းအိပ်နေကြမို့ သူအခန်းကိုလာအိပ်တာဘာမှထက်ထွန့်တက်မနေတော့ တစ်ခုပဲ ကိုယ့်အန္တရာယ်တော့ကိုယ်ကြည့်ရှောင်ရမည်။
ရွှေမြတ်ထက်ခန္ဓာကိုယ်သုံးဆလောက်ကြီးနေတဲ့ထန်းကို အမှန်ပြောရရင်လန့်ပါသည်။ဒင်းကအရင်ကနဲ့မတူတော့ လူကိုတွေ့ရင်ဆွဲလားရမ်းလားနဲ့။ ကိုယ့်နောက်မှာရပ်ပြီးငြိမ်နေတဲ့သူ့ကို ရွှေမြတ်ဘက်ကပဲစကားစလိုက်သည်။
"ထန်း မင်းအောက်မှာအိပ်"
ထန်းကမျက်လုံးပြူးမျက်စံပြူးနဲ့အတင်းအကန်ငြင်းဆန်လာတော့၏။
"ဟာ! အချစ်ကလည်း ဘာလို့လဲကိုယ် အချစ်ကိုဘာမှ မလုပ်ပါဘူး။ မအိပ်ဘူးနော်၊ အောက်မှာလုံးဝမအိပ်ဖူး"
"အဲ့ဒါဆိုလည်းရတယ်လေ ငါအောက်မှာအိပ်မယ် မင်းအပေါ်မှာအိပ်"
ပြောလည်းပြောအခန်းတံခါးပါသွားပိတ်ပြီး ခေါင်းအုန်းတွေတခါတည်းယူလိုက်တော့ ထန်းကနောက်ကနေသိုင်းဖက်လာသည်။
"ဟင့်အင်း~~ကိုယ်ကအချစ်နဲ့ပဲ အိပ်ချင်တာ "
နားနားကပ်လို့ ငြင်သာတဲ့လေသံနဲ့ရွှေမြတ်ကိုပြောလာတဲ့ထန်းအသံက ရွှေမြတ်ဒူးတွေတောင်အားမရှိတော့ဘဲ ယိုင်ချင်လာသလိုလို၊
"ဖယ်စမ်း ထန်း လွှတ် ဖေဖေရှိတယ်နော်၊ငါအော်လိုက်ရမလား"
"သတ္တိရှိရင်အော်ပေါ့"
ကိုကိုဉီးလေသံနဲ့ စောက်မြင်ကပ်စရာ
"ငါပင်ပန်းနေပြီထန်း အနားယူချင်ပြီ"
"အင်းပါ အင်းပါ လာအိပ်တော့"
ခေါင်းအုံးကိုတဖုန်းဖုန်းနဲ့ရိုက်ပြီးခေါ်နေတဲ့ထန်းက တကယ့်လူလိမ္မာလေးလိုလို၊ မျက်တောင်ကိုနှစ်ချက်လောက်ဆက်တိုက်ပုတ်လိုက်တာက သူ့ကိုယ့်သူချစ်စရာကောင်းနေတယ်ထင်နေတာမဟုတ်ပါဘူးနော်။ လက်ဝှေ့ထိုးတဲ့ဖိုက်တာကြီး ဘာဘီအရုပ်မအင်္ကျီစွပ်ထားတဲ့အတိုင်း။ရွှေမြတ်ရဲ့ကုတင်က တစ်ယောက်ထဲဆိုကျယ်ပေမယ့်၂ယောက်ဆိုရင်တော့အိပ်ဖို့လုံလောက်ရုံသာ၊ ဒင်းနဲ့ဝေးနိုင်သမျှဝေးအောင် ကုတင်စွန်းမှာတိုးကပ်အိပ်လိုက်သည်။အသားယူတက်တဲ့ဒင်းနဲ့ အသားချင်းတောင်မထိချင်ဘူး။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...