ep (13) zg

2.5K 137 0
                                    

"ထန်း ဖိုက်တင်း"

"အွန်း ကိုယ်အကောင်းဆုံးကြိုးစားဖြေလာခဲ့မယ်"

"ok...ရော့ ဒီမှာမင်းဟာ"

ပြောပြီး ရွှေမြတ် ထန်းအင်္ကျီအိတ်လေးထဲသို့ သပြေခက်လေးထည့်ပေးလိုက်သည်။

ရွှေမြတ်တို့ကျူရှင်မှာ နှစ်တိုင်းဖေဖေက အောင်သပြေညွှန့်လေးတွေ ကျောင်းသားတိုင်းကိုပေးသည်။ မိန်းကလေးတွေက ခေါင်းမှာ ယိုးဒယားကလစ်လေးတွေနဲ့ အောင်သပြေညွန့်များကိုပန်ရသည်။ယောက်ျားလေးတွေကတော့ အင်္ကျီအိတ်ထဲကိုသာ ထည့်ခိုင်းသည်။

အောင်တိတ်အောင်နိမိတ်နဲ့ဖြစ်အောင် ဖေဖေကစီစဉ်ပေးချင်းမို့ MYATကျူရှင်က ကျောင်းသူကျောင်းသားတိုင်း ခေါင်းလေးတွေ အိတ်ကပ်လေးတွေမှာ သပြေပန်းကိုယ်စီနှင့်ဖြစ်သည်။

"ထန်း သေချာဖြေနော်၊မေးခွန်းသေချာဖတ် စာစီစာကုံး၊ထောက်ကန့် အကုန်ဖြေ အပုဒ်ရှည်တွေရေးတာမပျင်းနဲ့နော်။ စိတ်ကိုအေးအေးထား၊ မေးခွန်းမလာခင်မေတ္တာသုတ်လေးဖြစ်ဖြစ်ရွတ်နေနော်။ နံပါတ်လည်းသေချာတက် ကြားလားထန်း ၃နာရီလုံးဖြေနော် အစောကြီးထွက်မလာနဲ့ ဖေဖေကော၊ငါကော ဉီးကုလားကြီးပါမင်းကိုကြည့်နေတယ်၊ ကျန်တဲ့လူတွေကသူတို့မိဘတွေနဲ့မို့ ငါလိုက်ကြည့်မှာမဟုတ်ဘူးနော် အစောကြီးထွက်လာရင် မင်းပြောထားတဲ့ဟာမပေးတော့ဘူး "

ထန်းသူ့ရှေ့မှာ စက်သေနတ်ပစ်သလိုပြောနေတဲ့ အချစ်ကိုကြည့်ပြီးမောလာသည်။စိတ်ပူနေတာ စိုးရိမ်နေတာသိပေမယ့် ဖြေရမယ့် လူထက်ပိုပြီး စိတ်တွေလှုပ်ရှားနေတဲ့ပုံစံလေးက ထိုင်နေရင်းတောင် ဒူးခေါင်းလေးတွေလှုပ်စိလှုပ်စိ ဖြစ်နေပြီ။

"အချစ်ရယ် ကိုယ်သေချာ​ဖြေလာခဲ့မယ်၊ဟုတ်ပြီလား။ စိုးရိမ်တာသိပေမယ့် အချစ်စိတ်ဒုက္ခများမှာ မလိုချင်ဘူး။ ဟိုမှာအချစ်ဖေဖေကိုယ်တို့ဘက်ကြည့်နေတယ် ကျန်တဲ့ကလေးတွေဆီသွားလိုက်ဉီး၊ ဆရာရိပ်မိသွားရင် မကောင်းဘူးလေ"

ရွှေမြတ်အရှေ့က လူသားကိုကြည့်ပြီး မျက်ရည်တွေပါ ဝဲချင်လာသည်။သူများတွေက မိဘတွေလာကြပြီး ထန်းအဖေကတော့ လုံးဝပေါ်မလာ။လတိုင်းတော့ ဖေဖေ့ကိုထန်းသုံးဖို့ ပိုက်ဆံတွေသာအများကြီးလွှဲပေးသည်။ဘာပဲဖြစ်ဖြစ် အခုလိုအရေးကြီးတဲ့အချိန်မှာတော့ အဖေတစ်ယောက်အနေနှင့် လာကြည့်သင့်ပါသည်။ ကိုယ့်ချစ်သူ အားမငယ်အောင် ရွှေမြတ်အစွမ်းကုန်ကြိုးစားမည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now