ep (27) zg

2K 117 7
                                    


သိမ်ဇရပ်မြို့က တောင်တွေအများကြီးရှိသည်။ ရန်ကုန်ကနေ မွန်ပြည်နယ်ဘက်ခရီးဆို နေ့ချင်းပြန်သွားရလာရတာက တအားပင်ပန်းသည်။ ရန်ကုန်ကနေ ပဲခူး၊ဘုရားကြီး၊ဝေါအစရှိသည့်မြို့တွေကို ဖြတ်ပြီးလာရသည်။ ရန်ကုန်ကနေဝေါအရောက်ဆို၃နာရီလောက်မောင်းပြီး ဝေါကနေသိမ်ဇရပ်ကို၄၅မိနစ် တစ်နာရီမောင်းရသည်။


ဒါကို မပင်မပန်းနေ့ချင်းပြန်ကိုမှ ရက်ဆက်လာလိုက်၊ တစ်ရက်ခြားလာလိုက်နဲ့ထန်းက မမောဘူးလားမသိ။ သူမှားတာသူသိတော့ အိမ်ထဲကိုလည်းမ၀င်၊ အိမ်အပြင်ဘက်ကနေပဲ အကြာကြီးထိုင်ပြီးပြန်ပြန်သွားသည်။

ဖေဖေကတော့ထန်းနဲ့ရွှေမြတ်အခြေနေကို မသိချင်ယောင်ဆောင်ထားသည်။ အစထဲက အေးဆေးတဲ့ဖေဖေက ရွှေမြတ်တို့ကြားထဲလုံးဝမ၀င်။ အိမ်ရှေ့မှာ ထန်းလာတာသိပေမယ့် ရွှေမြတ်က မျက်နှာတည်တင်းပြီးတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားတာမို့ ဖေဖေကရွှေမြတ်ကိုမမေးလာ။ချစ်သူချင်းဖြစ်တဲ့ ပြသာနာမို့ နားလည်မှုရှိတဲ့ဖေဖေက လုံး၀၀င်မစွတ်ဖက်။

အခုလည်း မနက်(9)နာရီကြီး ရွှေမြတ်တို့အိမ်ရှေ့မှာ။ ဖေဖေကဘယ်လိုပဲ မပြောဘူးနေနေ ရွှေမြတ်ကရှက်သည်။ ပတ်ဝန်းကျင်နဲ့လည်း အမြင်မသင့်။ ထန်းဆိုတာ သူလုပ်ချင်ရာလုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်တက်တာမဟုတ်။ ရွှေမြတ်အခုအရှေ့ထွက်ပြီး မလာနဲ့လို့ပြောလည်းရမှာမဟုတ်၊ အိမ်ထဲလည်းမခေါ်ချင် လူစကားနားမလည်တဲ့လူကို ရွှေမြတ်ဘယ်လိုရင်ဆိုင်ရမှန်းမသိ။

"သားရေ ဖေဖေ့ကိုသွေးကျဆေးလေးသွားဝယ်ပေးပါဉီးကွာ "

"ဟုတ် ဖေဖေ"



ဒီနေ့ ရွှေမြတ်တို့အိမ်ကို ဒေါ်ထွေးတို့အိမ်က ဝက်ရိုးတွေလာပို့သွားသည်။ အသားတွေလည်း အများကြီးပါတာမို့ အသားကိုနွှင်ပြီး သကြားလေးနဲ့ချက်လိုက်သည်။ အရိုးတွေကိုတော့ တရုတ်နံနံလေးနဲ့ ဖေဖေ့အကြိုက်စွပ်ပြုတ်လေးလုပ်ပေးထားတာမို့ ၀က်သားအများကြီးစားပြီးဖေဖေက သွေတိုးနေတာဖြစ်မည်။

သွားဝယ်ပေးတာက အကြောင်းမဟုတ်၊ ဟိုကောင်နဲ့ မျက်နှာချင်းမဆိုင်ချင်။ ဒါပေမယ့်လည်း သူ့ကိုရွှေမြတ်တို့အိမ်ရှေ့မှာ လူမြင်မကောင်းအောင် လာလာမနေဖို့ ပြောကိုပြောရမည်။ အရဲစွန့်ပြီး အိမ်ရှေ့ထွက်လာတော့ ထန်းကကားထဲမှာထိုင်နေသည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now