ep (28) zg

2.1K 109 3
                                    

နေ့တစ်နေ့ရဲ့မနက်ခင်းကို ထန်းအထီးကျန်စွာဖြတ်သန်းရသည်။ ထန်းအတွက်ပျော်ရွှင်စရာ၊ကြည်နူးစရာဆိုတာ အချစ်နဲ့အတူရှိရခြင်းပဲဖြစ်သည်။ ထန်းလိုတစ်ကောင်ကြွက်အတွက် မျိုးရွှေမြတ်ဆိုတဲ့အချစ်ကသာ မိသားစု၊ အခုထန်းရဲ့ မကောင်းမှုကြောင့် အချစ်ကထန်းရဲ့အဝေးမှာ။

တီ!

"ပြော"

"ဟေ့ရောင် လိုင်းပေါ်တက်ငါပုံပို့ထားတယ်"

ဝေရာက ထန်းကိုပြောလာသည်မို့ စိတ်မပါသော်လည်း ကျေနပ်အောင်လိုင်းဖွင့်ပြီး ပို့ထားတဲ့ပုံတွေကြည့်လိုက်သည်။ အသည်းကွဲနေပါတယ်ဆို အလိုက်မသိဒီခွေးကတော့။

ဟင်! အချစ်!

အချစ်က သူတို့အလုပ်ကခေါင်းဆောင်ဆိုတဲ့လူနဲ့ ဟိုတယ်တစ်ခုကိုဝင်သွားတဲ့မြင်ကွင်း။ ထန်းစိတ်တိုလွန်းလို့ အသားတွေတဆတ်ဆတ်တုန်လာသည်။ ဒါဘယ်လိုလက်စားချေခြင်းမျိုးလည်း။ ထန်းဆိုတာလူမြင်အောင်တွဲတာဆိုလို့ သစ္စာမိုးကိုသာ။ ဒါလည်းမနက်လိုင်းပေါ်ကနေစကားပြောပြီး တစ်နေ့တည်းလူမြင်သူထင်တွဲဖူးသည်။ ဒါဟာလည်းအချစ်ကို အန္တရာယ်မဖြစ်အောင်လို့ဆိုတာ အချစ်လည်းအသိ။

စေ့စပ်တယ်ဆိုတာလည်း ဒီတိုင်းသတင်းလွှင့်ရုံ။ အချစ်ကိုစေ့စစပ်လိုက်ပြီလို့ပြောလိုက်ရင် အချစ်ကထန်းကိုစိတ်ဆိုး၊ စိတ်နာရုံဖြစ်ပြီး ထန်းကပြသာနာတွေပြီးသွားရင် အတင်းလိုက်ချော့ဖို့စီစဉ်ခဲ့ခြင်း။ အချစ်လိုမျိုး ဟိုတယ်သွားရလောက်တဲ့ထိ ဟာကွာ...

တောက်!

ထန်း ဝေရာ့ကိုဖုန်းခေါ်လိုက်သည်။

"ပြော"

"ငါ အချစ်ကိုကားတင်ပြေးမယ်ဒီည"

"ဟ"

ဝေရာအံ့သြသွားသည်။ မနေ့ညကထိထန်းက အလွမ်းနာကျပြီး အချစ်ကငါရှိရင်မပျော်ဘူး အဲ့တော့ငါပဲရင်ကွဲခံပြီးရှောင်နေလိုက်တော့မယ်ပြောတာ၊ အခုဝေရာပို့လိုက်တဲ့ပုံကြောင့်လို့တော့ မပြောနဲ့နော်။
ဒါအလုပ်ကိစ္စကြောင့်သွားတာမှန်း ခွေးသွားမေးရင်တောင်သိတယ်၊ ဘေးနားမှာသူတို့ရုံးကလူတွေအကုန်ပါနေတာ။ စာအုပ်စာတန်းတွေကိုင်လာကြတာလည်း လူတိုင်းမြင်တယ်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now