ep (10)zg

3K 125 2
                                    

ကလင်! ကလင်!

"ထန်း မင်းလူမရှိဘဲဘာလို့ ဘဲလ်စွတ်တီးနေတာလည်း၊ မဆော့နဲ့တော့"

ရွှေမြတ်အစကမပြောဘဲနေဖို့ပဲ ဒါပေမယ့်မရတော့ ကလေးတွေလိုမျိုး ဘဲလ်ကိုဆော့နေတာမို့ ချစ်ဖို့ကောင်းတယ်ဆိုပြီးမပြောပဲနေနေတာ။ဒင်းကလူတွေအိမ်ရှေ့ရောက်မှတီးသည်။အိမ်ထဲကလူတွေက အပြင်ကိုလှမ်းလှမ်းကြည့်ကြတာမို့ မျက်နှာတည်နဲ့သူ့အစား ရွှေမြတ်ကလှမ်းလှမ်းရီပြနေရသည်။

ရွှေမြတ်ပြောလိုက်တော့ သူဆက်မလုပ်တော့။

ဖေဖေတို့ခရီးသွားပြီးနောက်နေ့ကျရွှေမြတ်ရယ် သူရယ်လမ်းထိပ်ဆိုင်မှာ ၀က်သားတုတ်ထိုးသွားစားကြခြင်းဖြစ်သည်။ အခုစားပြီးပြန်လာတော့ ဗိုက်အင့်နေကြသည်မို့ လမ်းဆင်းလျှောက်နေကြတာဖြစ်သည်။

"ဟို... ထန်းမင်းပျင်းလား"

ရွှေမြတ်ပြောလိုက်လို့ စိတ်ဆိုးသွားတဲ့ မျက်နှာတည်လေးဟာ ရွှေမြတ်ဘက်ကိုလှည့်လာတယ်။

"သူက ပျင်းလို့လား"

"အွန်း နည်းနည်းပျင်းလားလို့"

ပြောနေတုန်း စက်ဘီးကိုတိကနဲရပ်လိုက်တဲ့သူကြောင့် ရွှေမြတ်ပါလိုက်ရပ်လိုက်သည်။

"အချစ်ကိုယ့်ကို တစ်ကယ်ရောချစ်ရဲ့လား"

"ဟင်"

"ဘာ ဟင်လည်း ကိုယ်နဲ့တူတူရှိနေတာတောင်ပျင်းတယ်ဆိုတော့၊ကိုယ်ကတော့မပျင်းဘူး အချစ်နဲ့တူတူရှိလို့"

ဟိုက်! ဒွတ်ခပဲ

"မဟုတ်ဘူးလေ ငါကမင်းများတစ်ခုခုလုပ်ချင်မလားလို့ပါ"

"တခုခု လုပ်???"

"အွန်း လုပ်ချင်လား"

"အင်း လုပ်ချင်တယ်"

ရွှေမြတ်နည်းနည်းလန့်လာသည်။လုပ်ချင်တယ်ဆိုပြီးပြုံးတဲ့အပြုံးကြီးက အွန်း ကြက်သီးတွေပါထသည်။

"တက်!"

"ဘာလည်း နင်းတော့မလို့လား"

"အွန်း ကိုယ်အားရှိသွားပြီ"

ဟာ အရမ်းတွေတက်ကြွနေပါလားဟေ့။တက်ကြွတဲ့ ကြက်ဖဆိုတာသူမှအစစ်၊ ဘာတွေဒီလောက်တောင်ပျော်သွားပါလိမ့်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now