ကလင်! ကလင်!
"ထန်း မင်းလူမရှိဘဲဘာလို့ ဘဲလ်စွတ်တီးနေတာလည်း၊ မဆော့နဲ့တော့"
ရွှေမြတ်အစကမပြောဘဲနေဖို့ပဲ ဒါပေမယ့်မရတော့ ကလေးတွေလိုမျိုး ဘဲလ်ကိုဆော့နေတာမို့ ချစ်ဖို့ကောင်းတယ်ဆိုပြီးမပြောပဲနေနေတာ။ဒင်းကလူတွေအိမ်ရှေ့ရောက်မှတီးသည်။အိမ်ထဲကလူတွေက အပြင်ကိုလှမ်းလှမ်းကြည့်ကြတာမို့ မျက်နှာတည်နဲ့သူ့အစား ရွှေမြတ်ကလှမ်းလှမ်းရီပြနေရသည်။
ရွှေမြတ်ပြောလိုက်တော့ သူဆက်မလုပ်တော့။
ဖေဖေတို့ခရီးသွားပြီးနောက်နေ့ကျရွှေမြတ်ရယ် သူရယ်လမ်းထိပ်ဆိုင်မှာ ၀က်သားတုတ်ထိုးသွားစားကြခြင်းဖြစ်သည်။ အခုစားပြီးပြန်လာတော့ ဗိုက်အင့်နေကြသည်မို့ လမ်းဆင်းလျှောက်နေကြတာဖြစ်သည်။"ဟို... ထန်းမင်းပျင်းလား"
ရွှေမြတ်ပြောလိုက်လို့ စိတ်ဆိုးသွားတဲ့ မျက်နှာတည်လေးဟာ ရွှေမြတ်ဘက်ကိုလှည့်လာတယ်။
"သူက ပျင်းလို့လား"
"အွန်း နည်းနည်းပျင်းလားလို့"
ပြောနေတုန်း စက်ဘီးကိုတိကနဲရပ်လိုက်တဲ့သူကြောင့် ရွှေမြတ်ပါလိုက်ရပ်လိုက်သည်။
"အချစ်ကိုယ့်ကို တစ်ကယ်ရောချစ်ရဲ့လား"
"ဟင်"
"ဘာ ဟင်လည်း ကိုယ်နဲ့တူတူရှိနေတာတောင်ပျင်းတယ်ဆိုတော့၊ကိုယ်ကတော့မပျင်းဘူး အချစ်နဲ့တူတူရှိလို့"
ဟိုက်! ဒွတ်ခပဲ
"မဟုတ်ဘူးလေ ငါကမင်းများတစ်ခုခုလုပ်ချင်မလားလို့ပါ"
"တခုခု လုပ်???"
"အွန်း လုပ်ချင်လား"
"အင်း လုပ်ချင်တယ်"
ရွှေမြတ်နည်းနည်းလန့်လာသည်။လုပ်ချင်တယ်ဆိုပြီးပြုံးတဲ့အပြုံးကြီးက အွန်း ကြက်သီးတွေပါထသည်။
"တက်!"
"ဘာလည်း နင်းတော့မလို့လား"
"အွန်း ကိုယ်အားရှိသွားပြီ"
ဟာ အရမ်းတွေတက်ကြွနေပါလားဟေ့။တက်ကြွတဲ့ ကြက်ဖဆိုတာသူမှအစစ်၊ ဘာတွေဒီလောက်တောင်ပျော်သွားပါလိမ့်။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...