ep (23)

5.4K 482 58
                                    

"ထန်း!!"

အိမ်ထဲကို ရေးကြီးသုတ်ပြာ၀င်လာတဲ့ အချစ်ကြောင့် ထန်းလန့်သွားသည်။

"ဘာဖြစ်လို့လည်း အချစ်"

ထန်းမေးတာမဖြေဘဲ အချစ်ကမျက်နှာလေးသာမှိုင်နေသည်။ ဘာများဖြစ်လာလို့ပါ
လိမ့်။

"မ ~မဆုံးသွားပြီတဲ့"

"ဟင်! ဟုတ်လား ဘယ်လိုဖြစ်လို့၊ အရင်ပတ်တုန်းကတောင်တွေ့သေးတယ်လေ"

ထန်း မသိချင်ယောင်ဆောင်ပြီးပဲ ပြန်ပြောလိုက်သည်။ ဟိုမိန်းမယုတ်မာတာ အချစ်ကိုပြောမပြတော့ဘူး ၊ဘာလို့ဆို အချစ်ကအဲ့မိန်းမကို အမတစ်ယောက်လိုသဘောထားတာထန်းသိသည်။ သူ့ဟာသူသေသွားလို့၀မ်းနည်းတာအပြင် အချစ်ကိုလိမ်ညာလှည့်စားခဲ့လို့ အချစ်ကအဲ့ဟာပါပေါင်းပြီး၀မ်းနည်းနေမှာကိုမလိုလား။ပြီးတော့ ထန်းကိုသံသယဖြစ်လာမှာလည်းစိုးပါသည်။

ထိုမိန်းမကိုသတ်လို့ ထန်းထောင်ကျမှာမပူရပါ၊ ထန်းကဒီ့ထက်မက ဥပဒေအပြင်ဘက်ကဟာတွေလုပ်ဖူးသည်။ဒီကိစ္စလောက်က အသေးအဖွဲ၊ တစ်ခုပဲ ထန်းအချစ်ကထန်းကို တစ်မျိုးထင်မှာတော့ ထန်းမလိုချင်ဘူး။

"အေးလေကွာ သနားလိုက်တာ ချက်ချင်းကြီး၊ ရေနစ်သေတာတဲ့ အလောင်းတောင်ရှာမရဘူးတဲ့ "


မျက်နှာငယ်လေးနဲ့ ပြောလာတဲ့အချစ်ကြောင့် ထန်းထိုလူသားကို ရင်ခွင်ထဲထည့်လိုက်သည်။

"ထန်းငါတို့ အသုဘသွားရအောင်နော် ၊ဖေဖေတောင် သွားပြီ၊မ အဖေကလည်း အရက်ပဲသောက်နေတာသိလား ကြီးကြီးတစ်ယောက်ထဲဒိုင်ခံလုပ်နေတာ သွားဝိုင်းကူရအောင်"

"အွန်း"

တည်ငြိမ်နေတဲ့အသံနဲ့ပြောလာတဲ့ ထန်းကြောင့်ရွှေမြတ်ထန်းမေးစိလေးကို မော့ပြီးနမ်းလိုက်သည်။

"ငါမင်းကိုပဲချစ်တာပါ ၊သိတယ်မလား မကငါ့ရဲ့အမလိုပဲနေလာခဲ့တာလေ တွဲတာလည်းသိပ်မကြာလိုက်ပါဘူး မင်းမလာခင်၂လနဲ့ဆို၄လလောက်ပဲတွဲလိုက်တာကွာ ၊မင်းထားခဲ့တုန်းက ငါ့ကိုဂရုစိုက်ခဲ့တာဆိုတော့ အမတစ်ယောက်လိုသံယောဇဥ်ရှိယုံပါ"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now