ep (4)

9.4K 767 16
                                    

ရွှေမြတ်ထွက်လာပြီးမှနောင်တရမိသည်။ အမှန်ဆိုသူမသိချင်ယောင်ဆောင်ခဲ့ရမှာ ခုလိုထွက်လာတော့သူကဘယ်လိုထင်သွားမလဲ။ သူ့အပါ်ခံစားချက်ရှိနေသေးတယ်လို့ မဟုတ်မဟက်တွေတွေးနေရင်ရော၊ မျိုးရွှေမြတ်ရာ ချီးပဲ မျက်ရည်ကကျခဲ့သေးတယ်။ ရွှေမြတ်မှာမတစ်ယောက်လုံးရှိသည်မို့ ကိုယ်စိတ်ကိုပြန်ပြင်ရမယ်။ဒင်းဘာသာဒင်း မိန်းမတစ်ယောက်ကမလို့အယောက်တစ်ရာနဲ့ပဲနမ်းနမ်း ရွှေမြတ်အရေးမဟုတ်။ ဘာမှမျက်ရည်ကျစရာမလိုပါ။



ညနေဖေဖေပြန်လာတော့လည်းရွှေမြတ်ဖေဖေဆူတာခံရသေးသည်။ ကြီးမြကကိုယ်လာမယ်ထင်ပြီးစောင့်နေသည်တဲ့။ idolကြီးရဲ့လက်မှတ်လည်းမရသလိုတွေ့လည်းမတွေ့လိုက်ရ ဒါဟိုပြိတ္တာကောင်ကြောင့်ပဲ။ ဂျိုဆိုးလိုကောင်။ ကိုယ့်ဘဝမှာသူ့ကြောင့်ဒုက္ခတွေကြီး။



















သူနဲ့အဲ့နေ့ကတွေ့ပြီးနောက်တော့မတွေ့ဖြစ်တော့ပါ။ သူလည်းကိုယ့်ဆီမလာသလို ကိုယ်လည်းမနဲ့သာယာနေတာမို့ထပ်မတွေးဖြစ်တော့။ ဒီလိုပဲလေ ထန်းဆိုတာဘယ်လိုလူမျိုးမို့လို့လည်း။ ကတိကိုလွယ်လွယ်ပေးပြီးလွယ်လွယ်ဖြတ်၊ပြောပြီးသားစကားကိုဘယ်တော့မှတာ၀န်မယူ၊ အပြောနဲ့အလုပ်တခြားဆီဖြစ်နေတဲ့လူမျိုးပဲကို၊ ရွှေမြတ်ခုလိုပြောတာက သူကိုယ့်ဆီလာပါစေဆိုတဲ့ဆန္ဒကြောင့်မဟုတ် သူ့ရဲ့ကတိမတည်မှုတွေပြောပြရုံသာ။




တီ!!

ဟင်

နောက်က ကားဟွန်းသံကြီးထွက်လာတာမို့နောက်လှည့်ကြည့်တော့ ဟိုပြိတ္တာကောင်၊
ရွှေမြတ်လမ်းဖယ်ပေးတော့ကျော်မသွားပဲ ကားကိုရပ်ပြီး ကားပေါ်ကဆင်းလာသည်။ရှပ်နဲ့ဂျင်းဘောင်းဘီသာ၀တ်ထားတဲ့ ထန်း
ရှပ်အင်္ကျီအရှည်ကိုတံတောင်ဆစ်ထိ ဆွဲတင်ပြီး fit sizeဖြစ်နေတဲ့shirtအနက်ကိုမှ ကျယ်သီ၃လုံးတောင်ဖြုတ်ပြီး ရင်ဖက်ကိုလှစ်ဟပြထားသည်။ ရွှေမြတ်အဲ့နေရာကိုသေချာကြည့်ပြီးတွေးမိသည်။ဒင်းက ဘရာစီယာကြေညာရိုက်ရင်ပေါက်မှာ ရင်အုံတစ်ဖက်တစ်ဖက်ကိုနည်းတာကြီးမဟုတ်။



နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now