"လက်ကိုမြှောက် ဘေးတိုက်လျှောက်
မင်းလမ်းလျှောက်တာမှားနေတယ်~လက်ကိုမြှောက် ဘေးတိုက်လျှောက်
မင်းလမ်းလျှောက်တာမှားနေတယ်ဒီလိုမဟုတ်ဖူး ဒီလိုဒီလို
ဒီလိုမဟုတ်ဖူး ဒီလိုဒီလို~~~ဂဏာန်းမိသားစုလမ်းလျှောက်ကြတာ ဝိုင်းကာပတ်ကာချာချာလည်~
တို့တစ်တွေလည်းလမ်းလျှောက်ကြမယ် သူငယ်ချင်းတွေနဲ့အတူတူကွယ် ခေါင်းဆောင်ခြေရာအတိုင်းပေါ့ကွယ်"
"သားထင်ရေ တော်ပြီလေကွာ မင်းပါးပါးဆူတော့မယ် "
ထန်းtvရှေ့မှာ အတွင်းခံဘောင်းဘီပန်းရောင်လေးနဲ့ကနေတဲ့သားကိုထိုင်ကြည့်နေရသည်။ အပေါ်ကလည်ကတုံးခဲရောင်နဲ့အောက်ကboxerတစ်ထည်ထဲဝတ်ပြီး သီချင်းဖွင့်၍ကနေတာဖြစ်သည်။ သူ့ပါပါးကအိမ်ရှေ့မှာဧည့်သည်တွေဧည့်ခံနေတာမို့ အခန်းထဲမှာဖြစ်ပျက်နေတာကိုမသိ။ ဖင်လေးလှုပ်လှုပ်ပြီးကနေတဲ့သားသားကို ထန်းလုံချည်ဝတ်ပေးဖို့ဘယ်လိုမှစည်းရုံး၍မရချေ။ အဲ့တော့ချစ်စရာကောင်းအောင်ကနေတဲ့ ထိုပုစိကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေပေးလိုက်သည်။
"၀မ်း!"
"ဘာဝမ်းလည်း တ၀မ်းဝမ်းနဲ့ပြောနေတာ ရှိသမျှသီချင်းတွေလည်းကုန်ပြီလေ အထင်လေးရာ"
ထန်းတော်ဖို့ပြောတိုင်းတ၀မ်းဝမ်းနဲ့လုပ်နေတဲ့သား။ ခုကြည့်ထန်းပြောတဲ့စကားကိုတောင်ဆုံးအောင်နားမထောင်ဘဲ နောက်တစ်ပုဒ်လာနေတဲ့သီချင်းကို လက်ကားယားခြေကားယားနဲ့ ဖင်ကိုနောက်ပြစ်လိုက်ဘယ်ညာခါလိုက်လုပ်ပြီးကနေပြန်သည်။
"မြေကြီးကိုတူးကားယက်
ညအခါမှာလမ်းလျှောက်ထွက်
လူတြွေမင်ရင်ကျွန်တော့်ကိုသတ်
အမြှီးတန်းလန်းနဲ့ကြွက်
ဟိုပေါ်တက် ဒီပေါ်တက်
အိုးခွက်ပန်းကန်ပက်လက်လန်
တွေ့ကရာကို ဖျက်!
အကြွင်းအကျန်ကို ယက်!
အချင်းချင်းဆိုညီအကို
ဒီလိုချစ်တဲ့ကြွက်
သူ့တွင်းကိုယ်တွင်းပြေးကာဆင်း
ရင်းနှီးကြတဲ့ကြွက်~"" အား!!! မိပြီကွကြွက်ကလေးကို"
"နွှတ်! ဖေနွှတ်!"
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Storie d'amore.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...