ep (14)

5.8K 502 8
                                    

"ကလေးတွေ ဆင်းကြမယ်ဟေ့၊အပေါ့သွား အစာပြေစာစားကြမယ် ညောင်းနေကြရောပေါ့"

ရွှေမြတ်တို့ ပဲခူးက ရွှေခရားကြီးမှာ ခဏနားပြီး မနက်စာစားပြီးထဲက လုံ၀မနားဘဲ ကားစီးလာရတာဖြစ်သည်။အခုရန်ကုန်က စားသောက်ဆိုင်တစ်ခုမှာ ကားနှစ်စီးလုံး ချိန်းရပ်ပြီး ခနားကြမှာမို့ ဦးကုလားကြီးကလိုက်ပြောနေခြင်း။

"အချစ်..ကားမူးနေလား"

"အွန်း~~~"

ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးက ကားပေါ်ကမဆင်း။လူတွေအကုန်ဆင်းသွားကြတာမို့ ထန်းရင်ခွင်ထဲ တိုးဝှေ့ပွတ်သပ်လာသည်။

"အောက်မဆင်းတော့ဘူးလား"

"ခေါင်းမူးတယ်"

ထန်း အတော်စိတ်ပူသွားသည်။ကားမူးတာလောက်က ဘာမှမဖြစ်ပေမယ့် ခရီးမှာဖျားမှာအရမ်းစိတ်ပူပါသည်။ အချစ်သာဖျားရင် သူ အိမ်ကဒရိုင်ဘာလှမ်းခေါ်ပြီးပြန်မှာ။

"ကားမူးတာလား..အဲ့ဒါဆိုကိုယ် သံပုရာရည် သွား၀ယ်လိုက်မယ်"

"ဟင့်အင်း..ဒီလိုလေးနေရတာ အဆင်ပြေတယ်"

အချစ်က ခေါင်းလုံးလုံးလေးကို အတင်းတို့ဝှေ့ ပြောနေပေမယ့် ထန်းကတော့ စိတ်မအေးနိုင်။အချစ်ဖေဖေကလည်း ဆရာတွေနဲ့ ပဲနေနေတော့ အချစ်ဖြစ်တာကို သိမှာမဟုတ် ထန်းကပဲစောင့်ရှောက်ရမှာ။

ထန်းဆိုတာ အချစ်ရဲ့အနာဂတ်သက်ဆိုင်သူတစ်ဦး ဖြစ်တာမို့ထန်းပေါ့ဆလို့မဖြစ်။

"အချစ်~~"

ရွှေမြတ် အိပ်နေတုန်းမှာ ရွှေမြတ်နားလေးနားကပ်လာပြီး ညင်သာတဲ့ အသံလေးနဲ့ခေါ်လိုက်တဲ့ထန်းကြောင့် အသည်းတွေအေးကနဲ

"တခုခု စားလိုက်ပါလား..အချစ်မထချင်ရင်ကိုယ်သွားယူပေးမယ်..ဆေးလေးပါ တစ်ခါတည်း သောက်ရအောင်~~~နော်"

"အွန်း..ဆန်ပြုတ်မသောက်ချင်ဘူး၊ဖေဖေရော "

"အချစ်ဖေဖေက ..ဟိုမှာဆရာတွေနဲ့ စကားပြောနေတယ်၊ဟော ဟိုမှာပြောရင်းဆိုရင်း ဒီဘက်လာနေပြီ"

"ဟင် ဟုတ်လား"

ရွှေမြတ်ထထိုင်လိုက်တော့ တစ်ချိန်လုံးရင်ခွင်ထဲ ခွေခေါက်ထားသည်မို့ တွန့်ကျေနေတဲ့ အင်္ကျီတွေဆံပင်တွေကို အဆင်ပြေအောင် ထန်းပြင်ဆင်ပေးနေချိန်မှာပဲ ဆရာက ကားတံခါးခေါက်လာသည်မို့ ထန်း ကားမှန်ချပေးလိုက်သည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now