အင့်! အင့်!
ရွှေမြတ်အိပ်နေရင်းသားသားအော်သံကြောင့် မျက်လုံးများပွင့်လာသည်။နာရီကြည့်လိုက်တော့မနက်(3)နာရီထိုးနေပြီ။ ထန်းကလည်းအိပ်နေတာမို့ သားသားကိုချော့မြူရန် သားသားအိပ်ယာသို့အမြန်ထသွားလိုက်ရသည်။ ၆လထဲရောက်နေပြီဖြစ်တဲ့သားသားက နို့ဆာတာတို့ အပေါ့တွေသွားထားတာတို့ဆိုအကျယ်ကြီးအော်မငိုဘဲ တအင့်အင့်နဲ့ဘဲရှိုက်နေတက်တာမို့ ရွှေမြတ်မှာအိပ်ရင်ရဲရဲမအိပ်ရဲ။ သားအသံကိုနားစွင့်ပြီးအိပ်ရသည်။
ရွှေမြတ်သားသားရှေ့သွားပြီးမတ်တပ်ရပ်လိုက်တော့ အငိုချက်ချင်းတိတ်ပြီးမျက်လုံးလေးကိုဝိုင်းနေအောင်ပြူး၍ ရြွေမတ်ကိုကြည့်လာသည်။ သားသားကအရမ်းမထွားပေမယ့်ပိန်နေတာမျိုးလည်းမဟုတ်။ ရွှေမြတ်နဲ့တော်တော်တူသည်။ ပါးချိုင့်လေးပါတာကသူ့ဖေဖေနဲ့တူပေမယ့် တခြားအမူအကျင့်အရပ်အမောင်းနဲ့အသားရည်ကအစရွှေမြတ်ငယ်ငယ်ကနဲ့တစ်ပုံစံထဲဟု ဖေဖေကပြောသည်။
"အယ် ပူကြူကြူးလေးကနို့ချာနေတာလား"
"အင့်! အင့်!"
"အမလေး လာပါပုချိပါချာလေးရာ ငိုပါနဲ့ရုပ်ချိုးတယ် "
ရွှေမြတ်မြှူလိုက်တော့မှ ပြုံးနေရာကနေချက်ချင်းမဲ့ကျသွားတဲ့မျက်နှာဝိုင်းဝိုင်းလေးက ရွှေမြတ်ချီလိုက်တော့ချက်ချင်းအငိုတိတ်သွားသည်။
"ဟုတ်ပါရဲ့ သားသားဖင်မှာစိုနေတာကိုး။ "
ရွှေမြတ်အသန့်ကြိုက်သူ သားသားရဲ့ဘောင်းဘီအပျော့လေးကိုချွတ်ပြီး တစ်ရှုးလေးနဲ့သုတ်၍ပေါင်ဒါမှုံ့လေးတဖက်ဖက်နဲ့ရိုက်ပေးလိုက်သည်။ ဖင်မှာအမှတ်လိုမျိုး အစိမ်းကွက်လေးမွေးရာပါ,ပါလာတဲ့သားသားမှာ လုံးတစ်နေတဲ့ဖင်လေးရှိသည်။ ဖြူဖြူဖွေးဖွေးအသားရည်လေးမှာ အဲ့ဒီ့အစိမ်းကွက်အမှတ်လေးပါနေတာသူ့ဖေဖေကမကြိုက်ပေမယ့် ရွှေမြတ်မှာတော့အူယားလို့မဆုံး။ သားသားကိုရှုံ့ကြိုးလျော့လျော့လေးသာပါတဲ့ဘောင်းဘီချည်သားလေးကို ဝတ်ပေးလိုက်ပြီး နို့ဘူးလေးပါးစပ်ထဲထည့်ပေးတော့ တခစ်ခစ်နဲ့ရီလာတဲ့သားသား။ ဗိုက်မဆာဘူးထင်သည် နို့ဘူးကိုဟုတ်တိပတ်တိလည်းမစို့။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...