ရွှေမြတ်ခွေယိုင်လဲချင်နေတဲ့ ခြေထောက်ကိုအတင်းအားယူပြီး ဆေးရုံဆီကြုံရာဆိုင်ကယ်စီးပြီး လာခဲ့ရသည်။လမ်းမှာလည်း မျက်ရည်ကတာကျိုးသလိုကျနေပေမယ့် မသုတ်မိ၊ကိုယ့်ဆိုင်ကယ်လည်း မယူနိုင်တော့ ။ထန်းသာတစ်ခုခုဖြစ်သွားခဲ့ရင် ဟင့်အင်း ရွှေမြတ်နောက်တစ်ခေါက်ထန်းကို အဆုံးရှုံးမခံနိုင်တော့ဘူး။"ဒေါက်တာ... ဟိုအ~~အရပ်မြင့်မြင့်နဲ့လေ.. ကားမတော်တဆနဲ့ရောက်လာတဲ့ လူနာဘယ် ~~ဘယ်အခန်းမှာလည်းဟင်"
ရွှေမြတ်ဆေးရုံဝင်ဝင်ချင်း ဒေါက်တာတစ်ယောက်ကိုတွေ့တာမို့ အပြေးအလွှားမေးမိသည်။ တုန်ချင်နေတဲ့အသံကို ထိန်းပြီးမေးတာတောင် ရွှေမြတ်အသံက ကတုန်ကယင်ဖြစ်နေပြီ။
"ထန်းရင်းရိုင်ဆိုတဲ့ လူနာလားမသိဘူး၊အရမ်းမစိုးရိမ်ပါနဲ့ လူနာကကြီးကြီးမားမားမထိခိုက်ပါဘူး၊ ကျွန်တော်ခုပဲအဲ့လူနာဆီကလာတာ။ အခန်း101 မှာပါ"
ဆရာပြောတာတောင် ရွှေမြတ်စိတ်ပူတာမလျော့နိုင်။ ထန်းဆိုတာ ရွှေမြတ်တွက်လုံးဝ အထိခိုက်မခံနိုင်တဲ့ လူသားမို့။
"ထန်း !!"
လူနာကုတင်ပေါ်မှာ ဖုန်းသုံးနေတဲ့ထန်းက ရွှေမြတ်ကိုရီပြလာသည်။ ဒီလူ ထိခိုက်ဒဏ်ရာရတာတောင်မှ အေးအေးဆေးဆေး ဖုန်းသုံးနိုင်သေးသည်။
"ဟုတ် ဘယ်သူလည်းမသိဘူးခင်ဗျ"
ပြုံးပြုံးလေးနဲ့ ထန်းပါးစပ်ကထွက်လာတဲ့ စကားတစ်ခွန်း။ ရွှေမြတ်ကမ္ဘာကြီး ရပ်တန့်သွားသည်။မဟုတ်ဘူးမလား ထန်းက ထန်းကရွှေမြတ်ကိုမေ့သွားတာမဟုတ်ဘူးမလား။
"ထန်း အင့်! ငါ~~ငါလေ မျိုးရွှေမြတ်လေ မင်း အင့်! မင်းငါ့ကိုမေ့..မေ့သွားတာလား"
ရွှေမြတ်ကို ဘာစကားမှမပြောဘဲ ပြုံးပြုံးလေးသာကြည့်နေတဲ့ထန်း ၊ ခုနကအားတင်းလျှောက်ခဲ့ရတဲ့ ခြေထောက်တွေက ချက်ချင်းခွေကျတော့မလိုဖြစ်လာတာမို့ ရွှေမြတ် ထန်းကုတင်ဆီသွားလိုက်သည်။ ပြီးတော့ ကုတင်ပေါ်ထိုင်ပြီး ထန်းမျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ပြီး ရွှေမြတ်မျက်နှာရှေ့ယူလိုက်တော့ အူတိအူကြောင်လေးဖြစ်နေတဲ့လူက ဖုန်းကိုလက်ကမချဘဲ ရွှေမြတ်ကိုပဲကြည့်လာသည်။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...