ep (35)

3.8K 352 21
                                    

"ဂိုး! ဂျောင်း! get out! အော့ပိုင်း! နားဂါး!!!!"

"အချစ်~"

"ငါ့ကိုလာမထိနဲ့နော်ထန်း "

ထန်းမျက်နှာကိုအတတ်နိုင်ဆုံး သနားစရာကောင်းအောင်လုပ်ပြီးတော့ အချစ်အသားကိုမထိဘဲ အင်္ကျီစလေးကိုကိုင်လိုက်တော့။

"ထိရဲထိကြည့်စမ်း ၊ဘာလဲ ငါ့စကားကိုနားမထောင်ဘဲ လုပ်ချင်ရာလုပ်တုန်းကဒီမျက်နှာမဟုတ်ဘူးနော်"

"ကိုယ်မှားမှန်းသိပါတယ် ဒါပေမယ့်လေ အင့်! ရှုး!! ခနလေးနော် နည်းနည်းငိုချင်နေလို့"

ရွှေမြတ်ရှေ့မှာနှပ်လာညှစ်ပြလိုက် တအင့်အင့်ရှိုက်လိုက်လုပ်နေတဲ့လူကို နည်းနည်းမှမသနားချင်။ ရွှေမြတ်အတန်တန်ပြောတယ် ဟိုဘက်နှစ်အိမ်ကျော်ကခြံကိုမ၀ယ်ပါနဲ့လို့၊ ပြောတုန်းကတော့ဟုတ်ကဲ့ပြောသွားပြီးတော့ နောက်ကွယ်ရောက်တော့စောက်တလွဲလုပ်ချသည်။

ထန်းကရွှေမြတ်ကို "အချစ်ရေအဲ့ခြံကိုပေါက်ဈေးနှိမ်ပြီး၀ယ်ခဲ့လိုက်တယ်"လို့လာပြောချိန် ဒင်းကိုဖြဲသတ်ချင်စိတ်တွေတဖွားဖွား။ အဲ့ခြံကခိုက်သည်။ ဒီနယ်မြေမှာလိုချင်တဲ့သူလုံး၀မရှိ။ တခြားလူကိုရောင်းဖို့ဆိုရင် ရွှေမြတ်အကျင့်ပုတ်ပုတ်နဲ့ဘာမှပြောမှာမဟုတ်ဘူး။ အခုကဖေဖေနဲ့နေလည်းရနေတာကို အိမ်ခွဲနေမတဲ့လေ။

"အချစ် ကိုယ်မှားမှန်းသိပါတယ်နော်၊ အစကအချစ်နဲ့နေဖို့ခြံတစ်ခြံ၀ယ်ချင်နေတာဆိုပေမယ့် ဒီခြံကအချစ်မကြိုက်မှန်းသိလို့ ကိုယ်မ၀ယ်ချင်ခဲ့ပါဘူး အင့်! ပိုင်ရှင်နဲ့ကစကားလွန်ပြီးသားဖြစ်နေတဲ့အပြင်လေ ထက်၀က်နီးပါလျှော့ပေးနေတာဆိုတော့ ၀ယ်ထားလိုက်လည်းအရှုံးမရှိပါဘူးဆိုပြီး"

"အဲ့ဒါနဲ့ပဲ၀ယ်လိုက်တယ်ပေါ့၊ အစထဲကကိုယ်လုပ်ချင်တာလုပ်ဖို့စိတ်ကူးရှိရင် ငါ့ကိုလာမမေးပါနဲ့လား၊ သေသေချာချာလာမေးပြီးတော့မှ ငါပြောတာရဲ့ဆန့်ကျင်ဘက်ကိုလုပ်တာကောင်းသလား ဟမ်!"

"ဟုတ်ပါတယ်အချစ်ရယ်ကိုယ်မှားသွားပါတယ်နော် နောက်တစ်ခါမလုပ်တော့ပါဘူးကွာ"

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now