ထန်းဆေးရုံက ပြန်ဆင်းလာပြီးတစ်ပတ်အကြာမှာ ဝေရာဆိုတဲ့ထန်းသူငယ်ချင်းက ရွှေမြတ်တို့အိမ်ရောက်လာပြီး ထန်းကိုလာခေါ်သွားသည်။ အလုပ်ကိစ္စကြောင့်လာခေါ်တာဖြစ်ပြီး ၁၀ရက်လောက်ကြာမယ်လို့ ရွှေမြတ်ကိုပြောသွားသည်။
ရွှေမြတ်သူ့ကိုမတွေ့ရတာ ၅ရက်ရှိနေပြီ။ တစ်ခါတစ်လေဖုန်းဆက်ပေမယ့် စကားအကြာကြီးတော့မပြောဖြစ်။ နေကောင်းအောင်နေ အဆင်ပြေတယ်မလား ဘာညာပြောပြီး သူ့ဘက်ကသာအရင်ဖုန်းချချသွားတက်သည်။ ဒါဟာဟာလည်း သူအလုပ်ရှုပ်နေမှာရွှေမြတ်သိတာမို့ အပြစ်မယူရက်ပါ။ ကိုယ်လည်းအလုပ်ရှိပေမယ့် သူဆိုတာကုမ္ပဏီတစ်ခုလုံးကို ဉီးစီးနေရတဲ့လူမလား။
"သား အလုပ်သွားတော့မလို့လား"
"ဟုတ်ဖေဖေ ဒီနေ့နည်းနည်းနောက်ကျမယ်နော် ၊ရန်ကုန်ကိုခေါင်းဆောင်နဲ့အတူ ခနလိုက်သွားရမှာမို့"
"အသွားအလာဂရုစိုက်သား"
"ဟုတ်ဖေဖေ"
ရွှေမြတ်အလုပ်သွားရန်ပြင်ဆင်ပြီး ဖေဖေ့ကိုနှုတ်ဆက်၍ထွက်လာလိုက်သည်။
အလုပ်ရောက်တော့ ဆရာကမရောက်သေးတာမို့ ရွှေမြတ်မနေ့ကကျန်တဲ့ စာရင်းလေးတွေစစ်နေလိုက်သည်။
ဒေါက်! ဒေါက်!
"ရွှေမြတ် သွားမယ်လေ "
"ဟုတ်ကဲ့ ကျွန်တော်ခေါင်းဆောင်ကိုစောင့်နေတာ"
"အေးကွာ ငါနည်းနည်းနောက်ကျသွားတယ် အဆင်သင့်ဖြစ်ရင်သွားရအောင်"
ရွှေမြတ် စာရင်းစာအုပ်လေးချပြီး ပြန်သိမ်းလိုက်သည်။ ဖုန်းနဲ့ပိုက်ဆံအိတ်သာယူပြီး ခေါင်းဆောင်ကားပေါ်တက်တော့ ခေါင်းဆောင်ကပြုံးပြသည်။ မျက်နှာချိုတဲ့ လူပျိုကြီးက ရွှေမြတ်ကိုသူ့ကားပေါ်ရောက်တာနဲ့ မုန့်ထုပ်တွေကမ်းပေးသည်။ ထန်းဝယ်ပေးနေကြ ရွှေမြတ်ကြိုက်တဲ့snackတွေ။
ရွှေမြတ်ယူပြီး ခေါင်းဆောင်ကိုကျေးဇူးတင်ကြောင်းပြောတော့ ခေါင်းဆောင်က မလိုကြောင်းပြန်ပြောလာသည်။ ဒီလိုပဲ ခေါင်းဆောင်ဟာ ရွှေမြတ်အပေါ် ဂရုတစိုက်ရှိပါသည်။
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...