ep (37)

3.8K 314 28
                                    

"အဆင်ပြေပါ့မလားသားရယ် "

"ပြေပါတယ်ဖေဖေရဲ့ ဖေသဘောမကျရင်သားတို့ရှေ့မတိုးပါဘူး"

"အဲ့လိုတော့လည်းမဟုတ်ပါဘူးသားရယ် သားတို့ကောင်းမယ်ထင်ရင်စီစဥ်ကျပေါ့"

"ဟုတ်ဖေဖေ ၊ သားတို့လည်းချက်ချင်းကြီးလုပ်ကျမှာတော့မဟုတ်ပါဘူး၊ နောက်၂နှစ်လောက်မှလုပ်ဖြစ်မှာပါ"

ရွှေမြတ် အငှားကိုယ်၀န်ဆောင်နဲ့ကလေးမွေးဖို့ ဖေဖေ့ကိုအသိပေးနေတာဖြစ်သည်။ ဒီလိုကိစ္စတွေနဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ဖေဖေ့အဖို့ စိုးရိမ်စရာတွေဖြစ်နေတယ်ဆိုတာရွှေမြတ်သိပါသည်။ အခုလည်းထန်းနဲ့ပြောပြီးသားကိစ္စကို ဖေဖေ့အားထန်းမရှိခင်ရွှေမြတ်ကအရင်အသိပေးထားတာဖြစ်သည်။ ဖေဖေသဘောမကျတဲ့အခြေနေဆိုရင်တော့ ထန်းနဲ့နောက်တစ်မျိုးတိုင်ပင်ကြည့်ရမည်။

အခုဖေဖေ့ဘက်ကလည်းသဘောမကျတဲ့အခြေနေမဟုတ်တော့ နောက်မှထန်းနဲ့အစီစဥ်ချပြီးလုပ်ဆောင်တော့မည်။ ရွှေမြတ်ကိုယ်တိုင်ကထန်းနဲ့တူတဲ့ကလေးလေးတစ်ယောက် အရမ်းလိုချင်သည်။ ရွှေမြတ်ကိုယ်တိုင်မွေးပေးဖို့ကမဖြစ်နိုင်။ ဆေးပညာတွေတိုးတက်နေတာမို့ အမျိုးသားကိုယ်၀န်ဆောင်ဆိုတာကြားဖူးပေမယ့် စမ်းသပ်ဖို့မရဲတဲ့အပြင် ထန်းကလည်းလုံး၀လက်ခံမည်မဟုတ်။

"အဲ့ဒါဆို သားသွားတော့မယ်နော်၊ ထန်းကညနေမှပြန်ရောက်မှာထင်တယ် ဖေဖေဘာဟင်းနဲ့စားချင်လဲဟင်"

ရွှေမြတ် ဖေဖေ့အခန်းထဲကစားပွဲခုံပေါ်မှာထိုင်နေရင်ဖေဖေ့ကိုမေးလိုက်တော့။

"မင်းကြီးမြတို့ကြွက်သားလာပို့ပေးထားတယ်သား သားမြတ်ကကြွက်သားမစားတော့ သားအတွက်ပဲချက်လိုက်တော့ ။ ထန်းကကြွက်သားစားတယ်မလား"

"ဟုတ်ဖေဖေ သားအရည်သောက်လေးတစ်ခုချက်ပေးမယ်နော်"

ရွှေမြတ်ပြောလိုက်တော့ ဖေဖေကခေါင်းငြိမ့်ပြီး။

"ကောင်းတယ်သား "

ရွှေမြတ်ဖေဖေ့အခန်းထဲကထွက်လာပြီး အိမ်ရှေ့ကိုသွားလိုက်သည်။ ညစာက၄နာရီလောက်မှချက်ရမှာဖြစ်တာမို့ ထန်းအင်္ကျီတွေရုတ်ပြီး မီးပူထိုးရန်ပြင်ဆင်ရသည်။ ထန်းသူငယ်ချင်းဝေရာက ထန်းကိုအလုပ်ကိစ္စနဲ့လာခေါ်သွားတာမို့ ထန်းကအိမ်မှာမရှိ။ ညနေပြန်ရောက်မယ်တော့ပြောသွားသည်။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now