ထန်း ဆရာ့မွေးနေ့ပြီးထဲက အိမ်မပြန်ဘဲနေတာ ၇ရက်လောက်ရှိနေပြီ။အချစ်က မောင်းထုတ်ချင်ပေမယ့် ဆရာ့ကြောင့် ထန်းကို သီးခံပါသည်။တစ်ခါတစ်လေ ဟိုမိန်းမလာလည်ရင် အချစ်ကထန်းကို ပလစ်သည်။ကျန်တဲ့ အချိန်တွေဆို ထန်းကို အော်ငေါက်တာ ရန်လုပ်တာတွေတော့လုပ်သည်။
အချစ်က ဆူသလိုလို ၊ရန်လုပ်သလိုလိုလေး လုပ်နေရင်ကို ထန်းကပျော်နေတာ ဖြစ်သည်။ ကိုယ့်ရှေ့မှာ အဲ့မိန်းမကိုဖက်တာနမ်းတာတွေလုပ်ရင် ထန်းရင်ထဲနင့်ကနဲ့၊ထန်းသိတာပေါ့ အချစ်တမင် ထန်းရှေ့မှာမို့လို့ လုပ်ပြတာ။
ကိုယ်စိုက်ပျိုးတဲ့ အပင်ကို ကိုယ်ရိတ်သိမ်းရတာမလို့ ထန်းဘယ်သူ့မှအပြစ်မတင်ချင်တော့။
အရင်ကတော့ ထန်းအချစ်ရဲ့ယုံကြည်မှုနဲ့အချစ်ကို ပြန်ရဖို့ရေရှည် planဆွဲထားတာ၊ အကြောတင်းတဲ့ အချစ်က ထန်းရှင်းပြတာလည်း နားထောင်မဲ့ပုံမပေါက်၊ အဲ့တော့ ထန်းရဲ့ဒုတိယ အစီစဉ်ကို မနက်ဖြန်ညပဲ စလုပ်တော့မည်။ဒီ့ထက်ပိုပြီး လွှတ်မထားနိုင်တော့။
"အချစ်!!"
"ဖြည်းဖြည်းခေါ်ပါဟ ၊ငါကြားပါတယ်!!"
ထန်း အချစ်ကို အသံမြှင့်ပြီး ခေါ်လိုက်တော့ မီးဖိုထဲမှာ တလှုပ်လှုပ်နဲ့ ဘာတွေလုပ်နေမှန်း မသိတဲ့ အချစ်က ထန်းထက်ပိုကျယ်တဲ့ အသံနဲ့ပြန်အော်တော့သည်။မျိုးရွှေမြတ်လား ကိုယ်ကအချစ်~~ဆိုပြီး ညင်ညင်သာသာခေါ်ရင် ပြန်ထူးမှာ။
"ဘာလုပ်!"
"ဖင်ကုတ်!"
"ဟမ် အချစ်ရာ စားစရာသောက်စရာတွေနဲ့ကို၊ ဘယ်နားယားလည်း မှန်း ကိုယ်ကုတ်ပေးမယ်"
အချစ်ဟာလေ တစ်ကယ်ဘယ်လိုလေးမှန်းကို မသိတာ ထန်းပြောလိုက်တော့ အချစ်ဟာ ဖင်လေးကောက်ပေးသည်။
ထန်းထင်တာက မလိုဘူးဘာရယ်ညာရယ် အော်ပြောမယ် ထင်ထားတာ၊နှုတ်ခမ်းလေး နမ်းတာမကြိုက်ပေမယ့် ဖင်ကိုတော့အသားကုန်ကောက်ပေးထားသည်။သဘောရှိဆိုတဲ့ မျက်နှာပေးနဲ့ အချစ် ကတအားရက်ရော။
"ဟေ့ကောင် မင်းကိုငါကုပ်ခိုင်းတာလေ ၊ဘာလို့ အတွင်းထဲလက်ထိုးထည့်နေတာလည်း၊ဖယ်တော့ ငါ့ဘာငါကုပ်တော့မယ် ၊နှာဘူးကောင်"
YOU ARE READING
နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)
Romance.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13...