ep (36)

3.8K 330 35
                                    

"ပြော! အကြောင်းအရင်းကိုပြော၊ ဘာလို့ထွက်သွားတာလဲ"

"အော်လို့လေ"

အိပ်ယာပေါ်ကနေပက်ကနဲပြန်အော်လာတဲ့အချစ်။ ထန်းကမှန်ထောင်ထားတဲ့စားပွဲဘေးနားကခုံပေါ်မှာထိုင်နေတာဖြစ်သည်။ လုပ်ချင်ရာလုပ်ပြီး ထန်းကိုပြန်အော်နေတာ။
ထန်းကတစ်ခွန်းဆို သူတစ်ခွန်းပဲ။ သေးသေးတင်မခံ။ မျိုးရွှေမြတ်တို့ အရမ်းကိုဇတ်ဇတ်ကြဲနေတာ။

"ဟ! အော်မှာပေါ့ ၊ အချစ်ပြောတဲ့စကားကဟုတ်လို့လား။ ကိုယ်အော်တာကိုပဲမတွေးနဲ့အချစ်ပြောခဲ့တာမှားလားမှန်လားစဥ်းစား"

"ဘာမှားလို့လဲ ဒီတိုင်းပါးစပ်ကစိတ်တိုနေတဲ့အချိန် ပြောမိတာလေ။ အဲ့ဒါကိုအတည်ယူပြီး မင်းငါ့ကိုအော်တာလေ"

အိပ်ယာပေါ်ကနေ ထန်းကိုကျောခိုင်းထားတဲ့အချစ်။ ပြောရင်းအားပါလာရင် ခေါင်းလေးစောင်းစောင်းလာသေးတာ။ လူကိုတအားအူယားအောင်လုပ်တက်တဲ့ ယုန်ပေါက်လေး။

"ကိုယ်အော်တာမှားတယ်၊ ဟုတ်တယ်ကိုယ်မငြင်းဘူး ဒါပေမယ့်အိမ်ကထွက်ပြေးသွားတဲ့အချစ်က အရမ်းမှန်နေလား"

ရွှေမြတ်မှားတာရွှေမြတ်သိသည်။ ဒါပေမယ့်မှားနေတယ်လို့လာပြောရင်နည်းနည်းလေးတောင်သီးမခံချင်။ ထိုလူ့ဘက်လှည့်ပြီးကြည့်လိုက်တော့ ရွှေမြတ်ခန္ဓာကိုယ်ကိုပေါက်ထွက်မတက်ကြည့်နေတဲ့မျက်၀န်းတွေ။

"ဘာကြည့်တာလဲ"

"ဘာကြည့်ကြည့်ပေါ့၊ စကားလမ်းကြောင်းမလွှဲနဲ့ ဘာလို့အိမ်ကထွက်ပြေးတာလဲဖြေ"

ရွှေမြတ်ကို တရားခံဖမ်းသလိုမျိုးမေးနေတဲ့ထန်းကို ဆူပုတ်ပုတ်နဲ့ကြည့်ပေးလိုက်တော့ ​မေးဆတ်ပြသည်။ သူမေးတာဖြေဆိုတဲ့ပုံစံ။ သူကမလျှော့မှတော့ ရွှေမြတ်ဘက်ကပဲလျှော့ရတော့မည်။

"ယောက်ျားကအော်တော့ အချစ်ကစိတ်တိုလို့လေ။ ထွက်ပြေးတာမဟုတ်ဘူး အိမ်ပေါ်ကခနဆင်းသွားတာ၊ အခုလည်းအိမ်လိုက်လာပြီပဲလေ အဲ့မျက်နှာကိုပြင်တော့"

လှုပ်စိလှုပ်စိနှုတ်ခမ်းလေးနဲ့ သူမမှားကြောင်းဖြေရှင်းနေတဲ့အချစ်။ ဒီအပြောတွေကြောင့်ပဲထန်းမှာအသဲတွေတဖြုတ်ဖြုတ်ကြွေရသည်။ အစထဲကစိတ်ဆိုးနေတာမဟုတ်တဲ့ထန်းက အချစ်ရဲ့ချွဲနွှဲ့မှုမှာအလဲလဲအပြိုပြို။

နှင်းဆီနီရဲ့ချစ်ခြင်း(နှင်းဆီနီရဲ့ချစ်ခြင်း)(complete)Where stories live. Discover now