#unicode
" ဟဲ့ သေချာချုပ်နော် ဟန်ဟန်လေး မမကို အဆူခံရအောင်မလုပ်နဲ့ နော်"
" ဟုတ်ကဲ့ပါ မမရဲ့ ၊ သားကောင်းကောင်းချုပ်တတ်ပါတယ် "
ကျန်းကျယ်ဟန့်သည် ထိုသို့ပြန်ပြောလိုက်ပြီး အပ်ချည်ကြိုးလေးကို သွားလေးဖြင့် ကိုက်ဖြတ်လိုက်သည် ။
ထို့နောက် လီဟွားထံသို့ ပိုးစလေးကို ဖြန့်ပြလိုက်သည် ။
" ကြည့် မမ လှတယ် မဟုတ်လား"
လီဟွားသည် ကျယ်ဟန့်၏ လက်ရာကို ကြည့်ကာ လက်မထောင်ပြလိုက်သည် ။
" လှတယ် ၊ နင် သိပ်တော်တာပဲ "
ချီးကျူးစကားပြောရင်း လက်ထဲမှ မက်မွန်သီးကို ပါးစပ်တွင်ကိုက်ထားကာ ဖတ်နေသော စာအုပ်ကို နောက်စာမျက်နှာသို့ လှန်လိုက်သည် ။
ကျယ်ဟန့်လေးက အစ်မဖြစ်သူကို ကြည့်ကာ မေး၏ ။
" မမရော အဲ့ စာအုပ်ပြီးတော့မှာလား "
" အင်း ဘာလို့လဲ ပြီးပြီးသားကို ပြန်ဖတ်နေတာလေ ပြော ဘာလဲ "
လီဟွားသည် စာအုပ်ကိုပိတ်လိုက်ပြီး ဘေးတွင်ချလိုက်ကာ ကျယ်ဟန့်ကို ကြည့်လာ၏ ။
ကျယ်ဟန့်သည်လည်း ပန်းထိုးပြီးသွားသော ပိုးစကို ဘေးတွင်ချထားလိုက်ပြီး လက်ဖဝါးလေးနှစ်ဖက်ကို ပွတ်နေ၏ ။
" မနေ့က သား ကျောက်ခဲပျံပစ်ပြိုင်တာ မုန့်ငါးခုရှုံးသွားတယ် "
" ဘာ ! ဘယ်သူကနိုင်သွားတာလဲ ဒီနေ့ငါနဲ့တွေ့မယ် ဒင်းတို့ "
အစ်မဖြစ်သူ၏ စကားကြောင့် ကျယ်ဟန့်မှာ မျက်လုံးလေးများမှိတ်သည်အထိ ပြုံးလေသည် ။
သူ့အစ်မ ပါလျှင် သူဘယ်တော့မှ မရှုံးပါ။
ကျောက်ခဲပျံဆိုသည်မှာ ကျောက်ခဲပြားလေးများကို ရွေးချယ်၍ ရေပြင်ဆီသို့ပစ်ကာ ရေပြင်ပေါ် အကြိမ်များများ ခုန်အောင် ပစ်ရခြင်းဖြစ်သည် ။ အကြိမ်ရေများများခုန်အောင် ပစ်နိုင်သူက အနိုင်ရလေသည် ။ထိုကစားနည်းကို ကျယ်ဟန့်ကျွမ်းကျင်သော်လည်း အစ်မဖြစ်သူက ပို၍ကျွမ်းကျင်လေသည် ။
လီဟွားသည် ယောက်ျားလေးကဲ့သို့ပင် သန်မာကာ ကျယ်ဟန့်မှာတော့ ပျော့ညံ့သည်လည်းမဟုတ်ဘဲ အေးဆေးလွန်းခြင်းဖြစ်သည် ။
ဇတ်ဇတ်ကျဲ အစ်မဖြစ်သူကြောင့် သူက သန်မာရန်ပင် မလိုသကဲ့သို့ ဖြစ်နေလေသည် ။
ရှစ်နှစ်အရွယ်ချင်းတူလျှင်ပင် သူမက ပို၍သန်မာလေသည် ။
YOU ARE READING
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...