#unicode
တာ့ယွီပြည်၏ အိမ်ရှေ့စံကုန်းကျွင့်သည် ဓါးရှည်တစ်ချောင်းကို ကိုင်စွဲလျှက် သိုင်းပညာလေ့ကျင့်နေလေသည်။
နဖူးတွင် ချွေးစလေးများသီးနေသော မင်းသားလေးမှာ ပင်ပန်းနေဟန်ပေါ်လေသည် ။
မျက်လုံးပေါ်တွင် စည်းနှောင်ထားသော ပဝါပါးလေးမှ ကြိုးစသည် တလွင့်လွင့်ဖြင့် လှုပ်ခတ်နေလေသည် ။
" ချွင် ချလွမ် "
မင်းသားလေး၏ လက်မှဓါးသည် လွှတ်ကျသွားလေသည် ။
သူသည် ဘယ်ဘက်လက်ဖြင့် ညာဘက်ပခုံးကို ဆုပ်ကိုင်ထားလိုက်သည် ။ ထို့နောက် လွှတ်ကျသွားသော ဓါးကို မယုံနိုင်စွာ ကြည့်နေမိလေသည် ။
သူသည် သိုင်းပညာတွင် ထူးချွန်ပါသော်လည်း သူ၏ ညာဘက်လက်သည် ဓါးကို ကြာကြာမကိုင်နိုင်ပါ ။
အချိန်တစ်နာရီမျှကြာလျှင် လက်ပြင်မှ ဒဏ်ရာသည် ပူလောင်နာကျင်လာကာ လွှတ်ကျသွားတော့သည် ။
" ရေသုံးဆောင်ပါဦး အိမ်ရှေ့စံ "
ကိုယ်ရံတော် တပ်မှူးလေးက ရေဆက်သလာသည် ။ သူသည် ဘယ်လက်ဖြင့် လှမ်းယူကာ မော့သောက်လိုက်သည် ။
" ခိုင် ငါ အသုံးမကျဘူးနော် "
ရွှီခိုင်မှာ ချွေးသုတ်ရန် ပဝါဖြူလေးကို ဆက်သလိုက်ရင်း ခေါင်းရမ်းလေသည် ။
( ရွှီကိုင်ကို ကိုင် လို့ရေးရမှာအဆင်မပြေလို့ ခိုင် လို့ ရေးပြန်တော့လည်း တမျိုးကြီး သည်းခံပြီးသာ ဖတ်ကြပါတော့နော် 🤧🤧🤧 )
" အိမ်ရှေ့စံက အတော်ဆုံးပါ ၊ ဓါးကို ကြာရှည်မကိုင်နိုင်တာနဲ့ အသုံးမကျတာမဟုတ်ပါဘူး ၊ တခြားလက်နက်အများကြီးရှိပါတယ် ၊ အိမ်ရှေ့စံလောက် ဉာဏ်ပညာကြီးမြတ်တာ တာ့ယွီမှာ ဘယ်သူရှိလို့လဲ "
ကုန်းကျွင့်သည် နဖူးမှချွေးစတို့ကို သုတ်ပစ်ရင်း ခေါင်းရမ်းလေသည် ။ သို့သော် သူဘာမှ ထပ်မပြောတော့ပေ ။
ထို့နောက် လေ့ကျင့်ရေး ကွင်းထဲမှ ထွက်လာခဲ့သည် ။ ရွှီခိုင်သည် ဘေးမှ ထပ်ချပ်မကွာ လိုက်ပါလာလေသည် ။
သူသည် စိတ်တို့ကို အစဉ်အမြဲပင် ထိန်းချုပ်နေရသူဖြစ်သည် ။
ကလေးဘဝက မသိနားမလည်၍ ဒေါသဖြစ်ခဲ့ရချိန်တိုင်း တာ့ယွီမြို့တော်ကြီး ဒုက္ခရောက်ရသည့် အကြောင်းများကို အထိန်းတော်ကြီးနှင့် ခမည်းတော်တို့က ပြန်ပြောပြလေ့ရှိသည်မို့ ယခုအခါ သူ့ဒေါသသည် သူ့အနိုင်တိုက်ရမည့် ပြိုင်ဘက် ဖြစ်လာလေသည် ။
ВЫ ЧИТАЕТЕ
ФанфикшнUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...