အပိုင်း - ၂၇

261 38 39
                                    

Unicode

" ဘာ ! ဒါဆို အဲ့ဒါ ဟို ယစ်ပူဇော်ပွဲက သေသွားတယ်ဆိုတဲ့ကောင်လေးပေါ့ ၊ အစ်ကိုတော် နယ်စပ်ကပြန်ပြန်ချင်း ခရီးထွက်သွားခဲ့တာ အဲ့ကောင်လေးကို သွားခေါ်တာပေါ့ "

" ဟုတ်ပါတယ် အိမ်ရှေ့စံ ၊ မင်းသားကုန်းကျွင့်က လျှို့ဝှက်ထားပြီး တိတ်တဆိတ်ဖွက်ထားခဲ့တာပါ "

" ဟွန်း......"

ယန်ရှင်းသည် စားပွဲကို လက်ဖြင့်ခေါက်ကာ စဉ်းစားနေ၏။
ကိုယ်ရံတော် ခေါင်းဆောင်က သူ့ကို ထပ်၍ပြောပြန်သည်။

" ကောင်လေးကို မြွေတောအုပ်ကနေပြန်ခေါ်လာခဲ့တာပါ အိမ်ရှေ့စံ ၊ အဲ့နေရာက လျှို့ဝှက်တာမို့ ဘာတွေဖြစ်ခဲ့မှန်း မသိရပေမယ့် မင်းသားကုန်းကျွင့်ရဲ့ကျိန်စာကို တောအုပ်အရှင်က ဖြေပေးခဲ့တယ်လို့ သိရပါတယ် "

" နတ်ဆေးဆရာလား "

" မသိပါဘူး အိမ်ရှေ့စံ ၊ တောအုပ်အရှင်ကို ဘယ်သူမှ မမြင်ဖူးကြပါဘူး "

" သူတို့ကတော့ မြင်ဖူးကြမှာပဲမဟုတ်လား "

" ဟုတ်ပါတယ် "

" အင်း.... သိပြီ အခုလောလောဆယ် အဲ့ကောင်လေးကို စောင့်ကြည့်ထား ၊ ငါ့အစ်ကိုတော်က ဒီသူငယ်ပြန်နေတဲ့ ကောင်လေးကို သဲသဲလှုပ်နေရတဲ့ အကြောင်းအရင်း ရှိကိုရှိရမယ် ၊ ငါသိချင်တယ် "

" မင်းကြီးက အကုန်သိနေပါတယ် အိမ်ရှေ့စံ မင်းကြီးကိုချဉ်းကပ်ကြည့်ရင်ရော မသိနိုင်ဘူးလား "

" ခမည်းတော်က ငါ့ကို မလွဲသာလို့ အိမ်ရှေ့စံနေရာပေးထားရတာ ၊ ငါ့ကို ပြောပြမယ်မထင်ဘူး၊ ငါကလည်း နေရာရပြီးမှတော့ လက်မလွှတ်နိုင်ဘူး ၊ ငါ့ လမ်းကြောင်းမှာ ရှုပ်နိုင်တဲ့လူမှန်သမျှ ရှင်းပစ်ရမယ် ၊ အစ်ကိုတော်ဖြစ်နေရင်တောင်မှပေါ့ "

ယန်ရှင်းသည် လက်သီးကိုကျစ်ကျစ်ဆုပ်ထားကာ ရေရွတ်နေ၏။ သူ့ဘဝက အိမ်ရှေ့စံဖြစ်နေရသော်လည်း ဘုန်းကံနည်းလှ၏။ အစ်ကိုတော့်ကို လေးစားသလို မလေးစားကြ ။ အစ်ကိုတော့်ကို ကြောက်ရွံ့သလို မကြောက်ရွံ့ကြ။

သူ့ကိုယ်ရံတော်တပ်များကပင် သူ့ထက် အစ်ကိုတော်၏ စကားကို ပိုနားထောင်ကြသည်။ ပိုကြောက်ရွံ့ကြသည်။
ထိုအဖြစ်ကို သူမကြိုက်ပေ။
သူသည် အိမ်ရှေ့စံဖြစ်၍ သူ့ကိုသာ ပို၍ လေးစားကြောက်ရွံ့နေသင့်သည် မဟုတ်ပါလား။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Onde histórias criam vida. Descubra agora