အပိုင်း - ၃၃

253 43 32
                                        

Unicode

" ကိုကိုရောဟင် "

" အရှင့်သား လာမှာပါ ကြင်ယာတော်ကျန်း "

ကျန်းကျယ်ဟန့်သည် သူ့ကို မနက်စာလာပို့သော အစောင့်ရဲမက်ကို မေးနေခြင်းဖြစ်သည်။
အစောင့်ရဲမက်ကလည်း ကုန်းကျွင့်ကိုလေးစားကြောက်ရွံ့သူဖြစ်သည့်အလျှောက် ကုန်းကျွင့်မှာသည့်အတိုင်း ရိုရိုသေသေပင်ဆက်ဆံ၏။

ထို့ပြင် ကလေးစိတ်ဖြစ်နေသော ကျယ်ဟန့်ကို သနားစိတ်လည်းဖြစ်နေမိသည်။ ထို့ကြောင့် မေးလာသမျှကိုလည်း စိတ်ရှည်လက်ရှည် ဖြေပေးနေသည်။

ကျယ်ဟန့်ကမူ ကလေးစိတ်ဖြစ်ရကာ ဟန်မဆောင်တတ်ရှာပေ။
အချုပ်ခန်းအပြင်သို့ရောက်နေပြီဖြစ်သော ထိုအစောင့်ရဲမက်ကိုကြည့်ကာ အချုပ်ခန်းတိုင်နှစ်တိုင်ကို ကိုင်ကာကြည့်လိုက်သည်။

" အစ်ကိုကြီး "

" ဟင် "

" ကိုကိုကလေ ဟန့်ဆီကို ဘာလို့မလာတာလဲဟင် "

ရဲမက်သည် သက်ပြင်းချမိကာ ကျယ်ဟန့်ကိုပြန်ကြည့်၏။ သူ့အကြည့်သည် မသိနားမလည်သောကလေးတစ်ယောက်ကို နှစ်သိမ့်သည့် အကြည့်ပင်ဖြစ်သည်။

" အရှင့်သားက ခရီးထွက်သွားရတယ် ၊ အဲ့တာကလည်း ကြင်ယာတော်ကျန်းအတွက်ပါ ၊ အဲ့တာကြောင့် ကြင်ယာတော်က စိတ်ရှည်ရပါမယ် ၊ အရှင့်သားပြန်ရောက်တာနဲ့ ကြင်ယာတော်ဆီ အရင်ဆုံးရောက်လာမှာပါ ၊ စိတ်အေးအေးထားပါ "

ရဲမက်လေးမှာ သူ့စကားဆုံးသည်နှင့် ကြင်ယာတော်၏ မျက်ရည်များပြည့်နေသော မျက်ဝန်းတို့ကို မကြည့်ရက်နိုင်စွာ ကျောခိုင်းသွားတော့သည်။

ကျန်းကျယ်ဟန့်သည်  သူဗိုက်လေးကိုထိန်းကိုင်ကာ ထိုင်ချလိုက်သည်။
ဗိုက်သည် သိသာစွာမို့တက်လာပြီဖြစ်လျက် လုံးဝန်းလာလေပြီ။
ထို့ပြင် အခုတလောတွင် သူသည် ငို၍ချည်းနေမိသောကြောင့် ရင်ထဲတွင်နေ၍သိပ်မကောင်းပေ။
အစားလည်းမစားချင်ဘဲ မနက်အိပ်ရာထတိုင်းနေရခက်နေသည်။

ထိုအချိန်တိုင်းသတိရနေမိသည်ကား ကိုကို့ကိုသာဖြစ်လေသည်။
ကိုကိုသာရှိလျှင် သူ့ကို နွေးထွေးစွာဂရုစိုက်ပေးမည်ဟု ယုံကြည်နေသည်။
သို့သော် ကိုကိုက ‌နေ့ရောညပါရောက်မလာခဲ့ပေ။
သူသည် အတွေးတို့နှင့်အတူ မျက်ရည်များကျလာပြန်လေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora