အပိုင်း - ၃၄

261 34 25
                                        

Unicode

ကုန်းကျွင့်သည် အပူအပင်ကင်းစွာအိပ်စက်နေသော ကျန်းကျယ်ဟန့်အနားတွင် ထိုင်စောင့်နေ၏။
သို့သော် သူ့မျက်နှာသည် တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတောနေဟန်ရှိနေကာ မျက်ခုံးများပင် ကျုံ့နေလေသည်။

ဟုတ်ပါသည် ။ သူသည် ဆရာတော်ယွမ်လု၏ အကြောင်းကိုတွေးနေခြင်းပင်ဖြစ်သည်။
သူတို့သည် တာ့ယွီကို ပိုက်စိတ်တိုက်ရှာဖွေပါသော်လည်း ဆရာတော်ယွမ်ကို မတွေ့ပါချေ။

ဆရာတော်ယွမ်သည် တာ့ယွီမှ ထွက်ခွင့်မရသော်လည်း လုံခြုံစွာပုန်းကွယ်နေနိုင်လေသည်။
ထိုအချက်သည် တာ့ယွီမြို့တော်ထဲတွင် အိမ်ရှေ့စံ၏အထောက်အပံ့များရှိနေသေးသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။

ထို့ကြောင့် ဆရာတော်ယွမ်ကို ဖမ်းမိလျှင် အိမ်ရှေ့စံ၏ နောက်ထပ် အထောက်အပံ့များကိုပါ ဖမ်းမိနိုင်မည်ဖြစ်ရာ ကုန်းကျွင့်တို့သည် သတိထားကာလှုပ်ရှားနေရသည်။
ဆရာတော်ယွမ်လုကို မြို့တော်မှ ထွက်ခွာစေ၍ လုံးဝ မဖြစ်ပါချေ။

မကြာမီပင် လီဟွားနှင့်ခိုင်တို့သည်လည်း ကုန်းကျွင့်ထံ ရောက်ရှိခစားလာကြသည်။

" အရှင့်သား "

" ထပါ ၊ အခြေအနေ ဘယ်လိုလည်း "

" မြို့တော်ထဲက အခြေအနေတွေက ပုံမှန်ပါပဲ ဆရာတော်ယွမ် ထွက်မသွားသေးတာကလည်း အမှန်ပါပဲ မင်းသား "

" အင်း... ဆက်စောင့်ကြည့်ပြီး ဖမ်းကြတာပေါ့ ၊ ခိုင် စစ်ရေးအခြေအနေကို ပြော "

" မင်းသားယန်ရှင်းရဲ့တပ်တွေ ‌စစ်ချီလာပါပြီ ၊ မကြာမီ တာ့ယွီတပ်တွေအနားကို ရောက်လာပါလိမ့်မယ် မင်းသား "

" စစ်သည်အင်အား ဘယ်လောက်ရှိလဲ "

" စုပေါင်းအင်အား စစ်သည်တစ်သိန်းကျော်ပါလိမ့်မယ် မင်းသား၊ တန့်ချီစစ်သည် အကုန်မပါပေမယ့် အဓိကအင်အားစုတွေကို အသုံးပြုထားတာကြောင့် ၊ လက်နက်လူသူ အင်အားတောင့်တင်းပါတယ် "

ကုန်းကျွင့်သည် အနည်းငယ်တိတ်ဆိတ်သွားကာ စဉ်းစားနေ၏။
စစ်သည်အင်အားသည် အကုန်မဖြစ်နိုင်ပေ။
တာ့ယွီ၏ လက်ရှိစစ်သည် အင်အားကို သိရှိပြီး စစ်ချီလာပုံပေါ်လေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Onde histórias criam vida. Descubra agora