အပိုင်း - ၃၁

218 38 63
                                    

Unicode

( အခြေအနေတွေက ပိုဆိုးလာတယ်နော် ဂရုစိုက်ကြပါ အသဲတို့  🥺🥺🥺 သာသာက ရေးဖို့အခြေအနေရသမျှတော့ ရေးတင်ပါ့မယ်နော် 🥺 မနက်ဖန်တွေက ပြောမရဘူးမလား😓 )

မင်းသားကုန်းကျွင့်နှင့် ကျယ်ဟန့်တို့သည် စံအိမ်တော်တွင် နေသားတကျပင် ဖြစ်လာပြီဖြစ်၏။
နောက်တစ်ပတ်တွင် ကျန်းကျယ်ဟန့်ကို ကြင်ယာတော်‌ တင်မြှောက်ရန် စီစဉ်ထားရာ ကုန်းကျွင့်သည် ထိုအကြောင်းကိုကျန်းကျယ်ဟန့်အား နားလည်အောင်ရှင်းပြရန် လိုက်ရှာနေ၏။
သို့မဟုတ်လျှင် ထိုကောင်လေးကို မင်္ဂလာလျှောက်လမ်းသို့ပင် ခေါ်၍ရမည်မဟုတ်ပေ။

ကျန်းကျယ်ဟန့်၏ ပန်းချီခန်းထဲသို့ ဝင်လာကြည့်သော်လည်း ကျယ်ဟန့်မှာရှိမနေ။
ဆွဲထားသောပန်းချီကားအချို့ကိုကြည့်ကာ ရသကိုခံစားကြည့်နေမိသည်။

အချို့သောပန်းချီကားများသည် လူကြီးမင်းအချို့က အပ်နှံကြသော ပန်းချီကားများဖြစ်ကာ ကျယ်ဟန့်သည်လည်း ပုံတူရေးဆွဲခြင်း၌ နာမည်ကျော်လာပြီဖြစ်၏။
သို့သော်ကျန်းကျယ်ဟန့်အမည်ဖြင့်မဟုတ်ဘဲ ကုန်းကျွင့်၏ အစောင့်အရှောက်ခံ ပန်းချီဆရာလေးအဖြစ်သာ သိကြ၏။

ကုန်းကျွင့်သည် ဖုံးအုပ်ထားသော ပန်းချီကားတစ်ချပ်ကိုမြင်လျှင် သူသည်စိတ်ဝင်စားသွားကာ ထိုပန်းချီကားနားသို့ လျှောက်သွားလိုက်သည်။
ထိုနောက် ပိတ်ပါးစကိုကိုင်ကာ ဖယ်ရှားကြည့်လိုက်သည်။
သူ့ပုံတူတစ်ခုဖြစ်နေလေသည်။

" ဟင် ! "

ခန့်ညားသောကိုယ်ဟန်နှင့် သူကိုယ်တိုင်က သူ့ကိုပြန်ကြည့်နေ၏။
အသက်ဝင်လှသောမျက်လုံးတို့က သူ့ရင်ထဲအထိထွင်းဖောက်ကြည့်ရှုနေသယောင်ထင်ရလေသည်။
ပြုံးယောင်ယောင်နှုတ်ခမ်းပါးတို့က ချောမွေ့သည့်မျက်နှာကို ပို၍တည်ကြည်အေးချမ်းစေသည်။

သူသည် သူ့ပုံတူပန်းချီကားကို စိုက်ကြည့်ကာ အားရကျေနပ်နေ၏။ ဟန်ငယ်သည် ပန်းချီပညာတွင် အလွန်ပင်ပါရမီပါကာ ထူးချွန်လွန်းလှသည်။
အရာရာကိုမေ့သွားသော်လည်း ပန်းချီပညာအရည်အ‌သွေးများကိုတော့ မှတ်မိနေရှာလေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora