Unicode
ဆရာတော်ယွမ်ကို စစ်ဆေးရန် မင်းကြီးကိုယ်တိုင်က တာဝန်ယူကာ ဦးဆောင်၍စစ်ဆေးခဲ့သည်။
ဆရာတော်ယွမ်လု၏ ထွက်ဆိုချက်များအရ ကျန်းကျယ်ဟန့်သည် အသုံးချခံသက်သက်သာ ဖြစ်ကြောင်းထင်ရှားခဲ့လေသည်။
ထို့နောက် တာ့ယွီမြို့တော်အတွင်းရှိ မင်းသားယန်ရှင်း၏ အထောက်အပံ့ အမတ်အချို့ကိုလည်း ဖမ်းဆီးနိုင်ကာ အကျဉ်းချထားနိုင်ခဲ့လေသည်။
ထိုသူများသည် ဆရာတော်ယွမ်လုကို တာ့ယွီတွင် ပုန်းအောင်းနေရန်ကူညီခဲ့ကြပြီး ထွက်ပြေးနိုင်ရန်စီစဉ်ပေးခဲ့ကြသူများ ဖြစ်လေသည်။
ထိုအခါ မင်းကြီးသည် ကျန်းကျယ်ဟန့်ကို အကျဉ်းချထားခြင်းမှ လွှတ်မြှောက်စေခဲ့ပြီး မင်းသားကုန်းကျွင့်ကို စစ်ချီရာတွင် အာဏာကုန်ပေးအပ်ကာ စစ်ချီစေခဲ့လေသည်။
မင်းကြီးသည် တာ့ယွီမြို့တော်ကို စောင့်ရှောက်၍ကျန်နေခဲ့ရမည်ဖြစ်ကာ ကုန်းကျွင့်စစ်ရှုံးသည်နှင့် တာ့ယွီသည် ရပ်တည်ရန် လွယ်ကူတော့မည်မဟုတ်ပေ။
ကုန်းကျွင့်သည် ခမည်းတော်မင်းကြီး၏ တာဝန်ပေးအပ်မှုကို ရိုသေလေးစားစွာ လက်ခံယူကာ စံအိမ်တော်သို့ ပြန်ခဲ့လေသည်။
သူသည် မနက်ဖန်တွင် စစ်ချီရပေတော့မည်။
ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်ကို မည်သို့ချော့မော့ရမည်ကို တစ်လမ်းလုံးစဉ်းစားလာသော်လည်း စဉ်းစားမရဘဲရှိနေလေသည်။
စံအိမ်တော်သို့ရောက်လျှင် နေပူဆာလှုံနေသော ကျန်းကျယ်ဟန့်ကို ရိထျန်းနှင့်အတူ တွေ့ရလေသည်။
ကျန်းကျယ်ဟန့်သည် တော်ဝင်ကုသဆောင်တွင် ဂရုစိုက်ပေးခဲ့သော ရိထျန်းကို ခင်မင်နေပြီဖြစ်လေသည်။
ကုန်းကျွင့်က စံအိမ်တော်ထဲသို့ဝင်လာသည်ကို မြင်လျှင် ကျန်းကျယ်ဟန့်သည် ထရပ်လိုက်ပြီး သူ့ထံသို့ပြေးလာရန်ပြင်လိုက်သည်။
သို့သော် ရိထျန်းက ကျန်းကျယ်ဟန့်၏ လက်မောင်းကို ဆွဲထားကာ သတိပေးလိုက်သည်။
" ဟန် မပြေးရဘူးလေ "
" အာ ! ဟုတ်တယ် ဟန်မေ့သွားတာ "
ကုန်းကျွင့်သည် ကျယ်ဟန့်အနားသို့ရောက်လာကာ ပုခုံးနှစ်ဖက်မှကိုင်၍ ပြန်ထိုင်စေသည်။ ထို့နောက် ကျယ်ဟန့်၏ဘေးတွင် ထိုင်ချလိုက်ပြီး မေး၏။
ESTÁS LEYENDO
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...