အပိုင်း ၂၆

219 39 33
                                    

Unicode

ကျန်းကျယ်ဟန့်သည် နန်းဆောင်တွင် ကုန်းကျွင့်မရှိတော့သည်နှင့် ပျင်းလာကာ အပြင်သို့ထွက်ကာ ဟိုဟိုသည်သည် လျှောက်သွားနေလေသည်။
တစ်နေရာပြီးတစ်နေရာ ဝင်ထွက်သွားနေကာအချို့က သူ့ကို သတိထားမိကြပြီး အချို့ကမူ သူ့အာရုံနှင့်သူ အလုပ်ရှုပ်နေကြ၏။

ကျန်းကျယ်ဟန့်ကို အစောင့်ထားရှိသော သက်တော်စောင့်ရန်သည် ကျန်းကျယ်ဟန့်အတွက် မုန့် သွားယူရာမှ နန်းဆောင်သို့ပြန်ရောက်သည်နှင့် ကျန်းကျယ်ဟန့်မရှိသောအခါ ခေါင်းနပန်းကြီးသွားကာ သူ့လက်ထောက်တစ်ယောက်နှင့်အတူ လိုက်ရှာလေတော့သည်။
ကျန်းကျယ်ဟန့်သာ တစ်ခုခုဖြစ်ပါက နောက်တစ်နေ့တွင် မျက်နှာသစ်ရန် ခေါင်းရှိတော့မည်မဟုတ်ချေ ။ ထို့ကြောင့် မြန်မြန်ရှာရလိမ့်မည် ။

ကျန်းကျယ်ဟန့်သည် ခါတိုင်းနေ့များတွင် ကုန်းကျွင့်ညီလာခံတက်ချိန်တိုင်း ပန်းချီဆွဲကာ နေလေ့ရှိသော်လည်း ယနေ့တွင်မူ ပျင်းလှသည်။
ထို့ကြောင့် စိတ်ကြည်လင်ဖွယ် မြင်ကွင်းတို့ကိုမြင်နိုင်ရန် ရှာဖွေနေမိလေသည်။ အစ်မဖြစ်သူထံလည်း သွားချင်စိတ်မဖြစ်ဘဲ သူလိုချင်သည်က ပန်းချီဆွဲရန် ရှုခင်းကောင်းကောင်းလေးတစ်ခုသာ။

ထိုအခါ ပန်းဥယျာဉ်လေးတစ်ခုကို တွေ့ရလေသည်။ ထိုဥယျာဉ်လေး၏ အလယ်တွင် ကြာကန်လေးရှိနေကာ ပဒုမ္မာကြာပန်းတို့ပင် ရှိနေ၏။ ထို့အပြင် ကန်၏အလယ်ကို ခုံးတံတားလေးတစ်ခုဖြင့် ဖြတ်ကာ ဆောက်ထား၏။

ရေကန်လေး၏ ပတ်ပတ်လည်တွင် ပန်းမျိုးစုံကို အရောင်အသွေးစုံစွာ မြင်ရလေသည်။
ကျန်းကျယ်ဟန့်သည် ပါးစပ်အဟောင်းသားဖြင့်ငေးကာ တံခါးခုံးလေးပေါ်သို့တက်သွား၏။
ထို့နောက် မြင့်မားလှသော ကြာဖူးကြီးကို တံတားပေါ်မှလှမ်းကိုင်ကာ အနားသို့ ဆွဲယူကြည့်မိသည်။
သူသည် ပဒုမ္မာကြာကို ယခုမှပင် သေချာအနီးကပ်မြင်ဖူးခြင်းဖြစ်သည်။

" လှလိုက်တာ "

သဘောကျစွာရေရွတ်ရင်း ထိုကြာဖူးကြီးကို သေချာကြည့်ကာ မှတ်သားနေမိ၏။
ထို့နောက် ပွင့်နေသောကြာပွင့်ကြီးကိုဆွဲယူကာ ကြည့်ပြန်သည်။
ပန်းရောင်ပွင့်ဖတ်ကြီးများက သူ့လက်ဖဝါးကိုပင် ဖုံးအုပ်လုမတတ်ကြီးမားကာ တင့်တယ်လှ၏။
သူသည် သေချာစွာကြည့်ရှုကာမှတ်သားလိုက်ရင်း မနေနိုင်စွာ ထိုကြာပွင့်ကြီးကို ဆွဲယူကာ‌ခူးလိုက်၏။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Onde histórias criam vida. Descubra agora