အပိုင်း - ၇

383 54 24
                                        

#unicode

( စိတ်မကောင်းစရာအခြေအနေတွေနဲ့မို့ ဖတ်ပြီးခဏတော့ စိတ်အပန်းပြေကြပါစေ အသဲတို့ 😓
♥️💙 )

" ဟန်ဟန် သွားရအောင်လေ "

အစ်မဖြစ်သူ၏ ခေါ်သံကြောင့် ကျယ်ဟန့်ကိုယ်လေး တွန့်ခနဲဖြစ်သွား၏ ။
ဒီနေရာကနေ သေမတတ်ရုန်းထွက်ချင်ခဲ့သော သူက တကယ်တမ်းသွားရမည်ဆိုတော့ ထွက်မသွားချင်သေးပါ ။
ကမ်းပါးယံကြီးက မြင်ရသော တာ့ယွီကို ငေးကြည့်ရင်း နေရသည့် နေ့ရက်များကို လွမ်းနေမိမည်ထင်ပါသည် ။

ဆရာနှင့် ရုံရုံကြီးက သူတို့၏ အထုတ်အပိုးများကို လှည်းပေါ်သို့အကုန်တင်ကာ ကြို၍ထွက်နှင့်သည် ။
အစ်မက သူ့ကို စောင့်ကာ ခေါ်နေသည် ။

" မမ ဒီနေရာကို ပြန်မလာရတော့ဘူးလားဟင် "

" အင်း လာစရာမလိုတော့ဘူးလေ ဆရာက မြို့တော်ကြီးမှာ ခေါ်ထားပေးမှာ မကြာခင် နန်းတွင်းက တပ်သားသစ်စုဆောင်းရေးရှိတယ် မမက အဲ့မှာ ရွေးချယ်ခံဝင်ပြိုင်မှာ ၊ ဆရာက အားလုံး ကူညီပေးမယ်တဲ့ "

စိတ်အားထက်သန်နေသော လီဟွားကို ငေးကြည့်ကာ ကျယ်ဟန့်က ဘာမှတော့မပြောပေ ။

" မမက အဲ့လိုဆိုပေမယ့် ကျွန်တော်ကရော "

" ဟန်ဟန်လေးကလည်း နန်းတွင်းပန်းချီဆရာပြိုင်ပွဲမှာ ဝင်ပြိုင်ရမှာပေါ့ ၊ ဆရာကပြောတယ် နောက်နှစ်ဆို ပြိုင်ပွဲရှိမယ်တဲ့ "

" ဟုတ်လား "

လီဟွားသည် တက်ကြွမှုမရှိသော ကျယ်ဟန့်ကို ကြည့်ကာ အားမရစွာဖြင့် အနားရောက်လာ၏ ။
ကျယ်ဟန့်၏ ပခုံးကို ကိုင်လှုပ်ကာ မေး၏ ။

" ဟန်ဟန် ဘာဖြစ်နေတာလဲ သွားရမှာကို မပျော်ဘူးလား ဟန်ဟန့် အိပ်မက်တွေကို ကြိုးစားလို့ရပြီလေ "

" ဟင်း......မဟုတ်ပါဘူး မြို့တော်ရောက်ရင် ဘာတွေဖြစ်လာမလဲ မသိနိုင်ဘူးလေ ၊ စိုးရိမ်လို့ပါ "

" မစိုးရိမ်နဲ့ မမရှိတယ်နော် ၊ သွားရအောင် ဆရာတို့က မမတို့ပါမလာရင် ပြန်လာရှာနေလိမ့်မယ် "

" ဟုတ် မမ "

မောင်နှမနှစ်ယောက် ထွက်လာကြရင်း ကျယ်ဟန့်သည် နောက်ဆုံးအနေနှင့် အရိပ်ရသစ်မာပင်ကြီးကို တစ်ချက်လှည့်ကြည့်ကာ လှည့်ထွက်လာခဲ့သည် ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now