အပိုင်း - ၉

364 57 60
                                        

#unicode

ကုန်းကျွင့်သည် နန်းတော် ဥယျဉ်တွင် စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်ထဲ လမ်းလျှောက်နေလေသည် ။
သူနှင့်မလှမ်းမကမ်းတွင် ကိုယ်ရံတော်အဖွဲ့နှင့် အထိန်းတော်ကြီး တို့ရှိနေလေသည် ။
ရွှီခိုင်ကလည်း သူ့မိခင်၏ အခြေအနေစိုးရိမ်ရသည်မို့ စံအိမ်တော်သို့ခဏပြန်သွားရာ သူ့မှာရင်ဖွင့်စရာလူပင် မရှိဖြစ်နေရသည် ။
မျက်စိရှေ့ရှိ သစ်ပင်ပန်းမန်တို့၏ အလှသည် သူ့စိတ်ကို မလန်းဆန်းစေနိုင်ဘဲရှိ၏ ။
ကြာကန်လေး၏အပေါ်သို့ ဖြတ်သန်းကာ ဆောက်လုပ်ထားသော ပေါင်းခုံးတံတားလေးထက် တစ်လှမ်းချင်းလျှောက်လှမ်းရင်း စိတ်တို့က ထိုကောင်လေးထံသာ ပျံ့လွှင့်နေလေသည် ။

ကျန်းကျယ်ဟန့်ကို ကိုယ်ရံ‌တော်တပ်များက ရှာမတွေ့ခဲ့ပါ ။
အိမ်အဟောင်းတစ်လုံးနှင့် ညှိုးနွမ်းနေသော စိုက်ခင်းအချို့ကိုသာတွေ့ခဲ့ရသည်ဟု ဆိုလာလေသည် ။
သူ့မှာ ထိုကောင်လေးကိုထပ်တွေ့ရမည်ဟူသော အတွေးတို့ဖြင့် စိတ်လက်ကြည်သာနေသည်ဖြစ်ရာ အထင်နှင့်အမြင်လွဲသွားသောအခါ စိတ်ဓာတ်ကျသွားလေသည် ။

ဘယ်ကိုများထွက်သွားရတာလဲ ကောင်လေးရယ်
ကိုယ်အခု ဘယ်ကိုလိုက်ရှာရပါ့မလဲ
လက်မှပဝါဖြူလေးကိုကိုင်ကြည့်ရင်း စိတ်ထဲမှပြောနေမိသည် ။

ထိုစဉ် နန်းတော်ပေါ်တွင် အုံ့ဆိုင်းလာသောတိမ်တိုက်မဲကြီးကြောင့် အထိန်းတော်ကြီးတို့သည် အပေါ်သို့မော့ကြည့်ကာ မျက်နှာတို့ပျက်လာကြသည် ။
မင်းသားလေးစိတ်အခြေအနေမကောင်းတော့ဘူးဟု နားလည်ကာ မည်သို့နှစ်သိမ့်ပေးရမည်ကို ရုတ်တရက်တွေးမရကြချေ ။

တိမ်အုံ့ဆိုင်းကြီးသည် ပို၍ကြီးမားလာကာ နန်းတော်မှသည် မြို့တော်ဆီသို့ ဦးတည်နေ၏ ။

" အရှင့်သား "

ခေါ်သံကြောင့်လှည့်ကြည့်လိုက်လျှင် အပြေးအလွှားရောက်လာသော ရွှီခိုင်ကို မြင်ရလေသည် ။
သူ စိတ်အနည်းငယ် ပေါ့ပါးသွားကာ ပြုံးလိုက်သည် ။

" ရောက်လာပြီလား ခိုင် "

ရွှီခိုင်သည် သူ့ကို ဒူးထောက်ဦးညွှတ်ကာပြန်ဖြေ၏ ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now