အပိုင်း - ၈
359 58 37
#unicode
ကုန်းကျွင့်သည် ခမည်းတော်ပြောသည့် စကားများကိုနားထောင်ကာ မျက်ခုံးတို့သည် တွန့်ချိုးနေလျှက် ရှိ၏ ။
သူ မသိသော သူ့ဘဝကံကြမ္မာသည် ဤမျှဆိုးလိမ့်မည်ဟု ထင်မထားခဲ့ပါ ။
မင်းကြီးသည် စိတ်ကိုထိန်းချုပ်ထားဟန်ရှိသော သားတော်၏မျက်နှာကို စိတ်မသက်သာစွာကြည့်ရင်း ချော့မော့ကာပြောပြနေရသည် ။
အချိန်မရွေးပြောင်းလဲသွားနိုင်သော ရာသီဥတုကြောင့် သားတော်စိတ်ထိန်းနိုင်စေရန် လက်တစ်ဖက်ကို နွေးထွေးစွာဆုပ်ကိုင်ထားမိသည် ။
သူသည် သားတော်၏ ကံကြမ္မာကိုပြောင်းလဲရန်ကြိုးစားရင်း သားတော်အပေါ် နွေးနွေးထွေးထွေးနေမပေးနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည် ။
စကားဆုံးလျှင် ကုန်းကျွင့်သည် ခမည်းတော်ကို ကြည့်လာကာ မေး၏ ။
" အခုမှ ဘာလို့ ပြောပြနေတာပါလဲ ခမည်းတော် "
" သားတော်ရဲ့ကံကြမ္မာကို သားတော်ကိုယ်တိုင်ပြောင်းလဲဖို့လိုနေပြီ ၊ သားတော်က အခု ဆယ့်ခြောက်နှစ်ရှိပြီလေ ၊ ဆယ့်ရှစ်နှစ်မပြည့်ခင် သားတော်က သားတော်ရဲ့ အထောက်အပံ့ ဇာတာရှင်ကလေးတွေကို ရှာတွေ့ဖို့လိုလာပြီမို့လို့ ၊ ခမည်းတော်လည်း တတ်နိုင်သမျှရှာဖွေနေပေမယ့် အခုချိန်ထိ ရှာမတွေ့ခဲ့ဘူး ၊ ဘုန်းတော်ကြီးကတော့ပြောတယ် ၊ သားတော်ကိုယ်တိုင် အဲ့ကလေးတွေကို တွေ့ပြီးသားတဲ့ ၊ သားတော်တွေးကြည့်ပါဦး ထူးခြားတဲ့ကလေးတွေ သားတော်တွေ့ခဲ့ဖူးလားလို့ ၊ အရေးကြီးတယ် သားတော်  "
ဆယ့်ရှစ်ပြည့်သည်အထိ ရှာမတွေ့လျှင် သေလိမ့်မည်ဟုတော့ သူပြောမထွက်ရက်ပါ ။ အသဲကြွေမတတ် နာကျင်ရသည်မို့ ။
ကုန်းကျွင့်သည် ခေတ္တမျှစဉ်းစားလိုက်ကာ ပြန်မေး၏ ။
" ထူးခြားတယ်ဆိုတာ ဘယ်လိုမျိုးလဲခမည်းတော် ၊ သားတော်နန်းတော်အပြင်ကို ထွက်တိုင်း လူတွေအများကြီးနဲ့ တွေ့ရတာပဲလေ "
မင်းကြီးသည် မျက်လုံးကိုမှိတ်၍ပြန်တွေးလိုက်ကာ ဘုန်းတော်ကြီး ပြောခဲ့သမျှသော စကားတို့ကို မှတ်မိစေလိုက်သည် ။