အပိုင်း - ၃၇ ( final )

548 42 55
                                        

Unicode

မိုးတို့သည် သည်းထန်စွာရွာသွန်းနေဆဲပင်။
လျှပ်ပန်းတို့ကလည်း တဖြတ်ဖြတ်ဖြင့် လင်းလက်နေသည်မှာ ကြက်သီးထဖွယ်ပင် ကောင်းနေဆဲဖြစ်၏။
ထို့အပြင် မိုးခြိမ်းသံတို့က ကုန်းကျွင့်၏ နှလုံးသားကို ကြွေပြုန်းမတတ်ပင် ခြောက်လှန့်နေလေသည်။
လျှပ်ပန်းလျှပ်နွယ်တို့ကို မော့ကြည့်ရင်း မိုးကြိုးခ မည်ကို လွန်စွာစိုးရိမ်ကာ မျက်ရည်များ ကျမိပြန်သည်။

ထိုစဉ် မွေးဖွားဆောင်မှ အကူသမားတော်တစ်ယောက်သည် ပြေးထွက်လာ၏။

" အရှင့်သား "

" ဟင် ! လာပြီ "

ကုန်းကျွင့်သည် ဒူးထောက်ကျနေရာမှ ထရပ်လိုက်ပြီး ပြေးသွား၏။
သူသည် ဟန်ငယ်၏ ကိုယ်ဝန် လရင့်လာချိန်မှစ၍ သမားတော်များနှင့် မွေးဖွားဆောင်ကို နေ့ညအဆင်သင့်ပြုလုပ်ထားခဲ့သည်မှာ တစ်လခန့်ပင် ရှိပြီဖြစ်သည်။

" ဘာဖြစ်လို့လဲ "

" ကြင်ယာတော်က အကြောက်လွန်ပြီး အားနည်းနေပါတယ် ၊ မွေးဖွားဖို့ ခက်ခဲလွန်းနေတယ် ၊ ရေမြွှာပေါက်ပြီးပြီမို့ ကြာလာရင် ကလေးအတွက် မကောင်းပါဘူး "

" ဟင် ! "

" အရှင့်သား ! "

ကုန်းကျွင့်သည် မွေးဖွားဆောင်ထဲသို့ပြေးဝင်သွားရာ သမားတော်သည် ကုန်းကျွင့်၏ နောက်မှလိုက်၍ ပြေးဝင်သွားလေသည်။

မွေးဖွားဆောင်ထဲတွင် ကျန်းကျယ်ဟန့်ကို ချွေးအလိမ်းလိမ်းဖြင့် မြင်လိုက်ရလျှင် သူ့ရင်သည် ဆို့နင့်သွားရလေသည်။
ကလေးသာသာစိတ်လေးက ဤမျှနာကျင်ခြင်းကို အတိုင်းအဆမရှိ ကြောက်ရွံ့ပေလိမ့်မည်။

သူသည် မွေးဖွားခြင်းတို့၏ ဓလေ့ထုံးစံအတိုင်း ဖခင်က အပြင်တွင်သာစောင့်နေမိသည်။ ကျိန်စာကို ကြောက်ရွံ့၍ ငိုနေမိကာ ဟန်ငယ့်စိတ်ကို မတွေးမိခဲ့ပေ။
သူပင် ဤမျှကြောက်ရွံ့ပါလျှင် ထိုကလေးက ပို၍ပင်ကြောက်လိမ့်မည်မဟုတ်ပါလား။

ကုန်းကျွင့်သည် ကျယ်ဟန့်၏အနားသို့ ပြေးသွားကာ လက်လေးကို ဆုပ်ကိုင်ထားလိုက်သည်။
ထို့နောက် ပါးပြင်လေးကို လက်ဖဝါးဖြင့်အုပ်ကိုင်ကာ အ‌နွေးဓာတ်လေး ပေးလိုက်၏။
ကျယ်ဟန့်သည် နွေးထွေးသောအတွေ့အထိကြောင့် မျက်လုံးလေးများ ဖွင့်ကြည့်လာသည်။
သူ့ကိုမြင်လျှင် ကလေးသဖွယ် အော်ဟစ်ကာငိုတော့သည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now