အပိုင်း - ၁၂

336 54 61
                                        

Unicode

( ခါးတော့မှာမို့ ဒီအပိုင်းလေးမှာ အဝချိုပေးထားတယ်နော် အဟဲ 😁😁 )

နဂါးလပြည့်ညသို့ ရောက်လေပြီ။

ဒုတိယအလင်းစံအိမ်ကြီးသည် အရောင်စုံ အရွယ်စုံ မီးပုံးများဖြင့် လှပနေ၏ ။

ထိုမီးပုံးများကို လီဟွားက ပြုလုပ်ခဲ့ပြီး ကျယ်ဟန့်ကမူ ထိုမီးပုံးလေးများပေါ်တွင်ပန်းချီများရေးဆွဲထားလေသည်။
ပန်းအမျိုးမျိုးတို့ကို လှပစွာပုံဖော်ရေးဆွဲထားရာ မီးပုံးလေးများသည် လှပကြွရွနေလေသည်။
အိမ်တော်သခင်ကြီးနှင့် အိမ်ရှိလူအားလုံးသည် ဤသို့ ကြည်နူးဖွယ် ကလေးလေးများ၏ ပြေးလွှားပျော်ရွှင်မှုမျိုးကို အိမ်တော်၍ မတွေ့ရဖူးသည်ဖြစ်ရာ ဝိုင်းဝန်းကူညီ၍ ကြည်နူးပီတိဖြစ်နေကြ၏။

" ဟန်ဟန်လေး အဆင်သင့်ဖြစ်ရင် သွားရအောင် "

" လာပြီ မမ "

လီဟွားသည် အထိန်းတော်ကြီး ပြင်ဆင်ပေးသော အဝတ်အစားသစ်တို့ဖြင့် နူးညံ့ကြွရွနေလေသည်။
ခါတိုင်းကဲ့သို့ဆံပင်တစ်ဝက်ကို ခပ်မြင့်မြင့်စည်း‌ထားသည့်ပုံစံမျိုးမဟုတ်ဘဲ စံအိမ်ကြီး၏ အထိန်းတော်များက ဆံပင်ကိုချကာ ရွှေဆံထိုးအစုံတို့ဖြင့် လှပစွာ ပြင်ဆင်ပေးထားရာ နူးညံ့သော အထက်တန်းလွှာ သခင်မလေးကဲ့သို့ လှပနေ၏။
လက်ထဲတွင်လည်း နှင်းဆီပန်းပုံလေးများကို ရေးဆွဲထားသော မီးပုံးအဝါလေးနှစ်ခုကိုကိုင်ဆောင်ထား၏။

ကျယ်ဟန့်သည်လည်းအဖြူ‌ရောင် ဝတ်စုံသစ်လေးဖြင့် ထွက်လာ၏ ။
သူ့ဝတ်စုံမှာ အိမ်ရှေ့စံက အထူးချုပ်လုပ်ကာ ပေးပို့ထားခြင်းဖြစ်ရာ ပိုးသားသည် နူးညံ့နေလျှက် အသားနှင့်အထိအတွေ့သည်ပင် နူးညံ့လှသည်။
သူ့ကို အထိန်းတော်များက ဆံပင်တစ်ဝက်ကို ခပ်မြင့်မြင့်စုစည်းပေးကာ ပိုးသားကျစ်ကြိုးဖြင့် လှပစွာချည်နှောင်ပေးထားသည်။

လက်ထဲတွင်လည်း သူကိုယ်တိုင်ပြုလုပ်ထားသော မီးပုံးလေးနှစ်ခုကိုကိုင်ထား၏။
အနီရောင်မီးပုံးလေးတွင် အိမ်ရှေ့စံ၏ပုံတူကိုဆွဲထားပြီး အပြာရောင်မီးပုံးလေးတွင် သူကိုယ်တိုင်၏ ယခုပုံကို ပုံတူရေးဆွဲထားသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now