အပိုင်း - ၂၈

240 36 99
                                    

Unicode

( သာသာ အမှတ်မှားပြီး အရှင့်သားနဲ့ ဟန်ငယ်ကို ရေးမိလို့ ဒီနေ့ ဒါလေးပဲဖတ်ကြနော် not love... လေးက မနက်ဖန်မှပေါ့ ဟုတ်ပြီလား အသဲတို့ရေ 😁😁😁 )

♥️💙♥️💙♥️💙

ယနေ့သည် ကုန်းကျွင့် နယ်စပ်ခရီးမှ ပြန်လာသည့်နေ့ဖြစ်လေသည်။
နယ်စပ်ဒေသသို့ သွား၍လေ့လာစစ်ဆေးကာ ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
သူသည် ကျန်းကျယ်ဟန့်ကို ထားခဲ့ရခြင်းကြောင့် အလွန်ပင် စိုးရိမ်နေလေသည်။
လူမမယ်သားလေးကို ထားခဲ့ရသကဲ့သို့ စိုးရိမ်စိတ်တို့ကြီးစိုးနေရ၏။

ကျန်းကျယ်ဟန့်သည် အိမ်ရှေ့စံနှင့် အဆင်ပြေနေသည် ဟူသော သတင်းကိုလည်း ကြားသိထားရကာ စိတ်သည်သဝန်တိုစိတ်ဖြင့် ‌ရှုပ်ထွေးလျက်ရှိ၏။

ထို့ကြောင့် အပြန်ခရီးတွင် အနားယူချိန်ကို နည်းသည်ထက်နည်းစေကာ အမြန်ပြန်လာခဲ့သည်။
နန်းတော်သို့ရောက်လျှင် အဝင်လမ်းတွင် ကြိုဆိုနေသော သူ၏ ကိုယ်ရံတော်ခိုင်နှင့် ကျန်းကျယ်ဟန့် တို့အဖွဲ့ကို မြင်လိုက်ရလျှင် တစ်လမ်းလုံး စိတ်ရှုပ်ထွေးခဲ့ရသမျှသည် ပျောက်ကွယ်သွားရလေသည်။

သူသည် မြင်းပေါ်မှဆင်းလိုက်ကာ မြင်းကို သူ့အနောက်မှ ကိုယ်ရံတော်က လာဆွဲခေါ်ပေး၏။
သူသည် အပူကာဝတ်ရုံကို ချွတ်ကာ သူ့နံဘေးတွင်ပါလာသောကိုယ်ရံတော်ကို ပေးလိုက်သည်။

ထိုအခါ ကျန်းကျယ်ဟန့်သည် သူ့ထံသို့ ပြေးလာလေသည်။
ကုန်းကျွင့်သည် သူ့ရင်ခွင်သို့ပြေးလာသောကျန်းကျယ်ဟန့်ကို ဆီးကြို၍ ပွေ့ဖက်လိုက်သည်။

ကျန်းကျယ်ဟန့်သည် သူ့ခါးကိုဖက်ကာ မော့ကြည့်လာသည်။ နှုတ်ခမ်းလေးထော်ကာ အပြစ်တင်စကားဆိုလေသည်။

" ကိုကိုက ခဏလေးဆိုပြီး အကြာကြီး သွားတယ် "

ကုန်းကျွင့်သည် ပုခုံးလေးကို ဖွဖွပုတ်ကာ ချော့မော့ရင်း

" မသွားမဖြစ်လို့ပါ နောက်တစ်ခါ ဟန်ငယ့်ကိုပါ ခေါ်သွားမယ်နော် "

" အင်း နောက်တစ်ခါ တိတ်တိတ်လေးသွားရင် ကိုကို့ကို မခေါ်တော့ဘူး"

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora