၂၄

258 44 49
                                    

Unicode

ကုန်းကျွင့်သည် ကျိန်စာဖြေပူဇော်ပွဲပြီး နောက်တစ်ပတ်ခန့် ကြာသောအခါ သတိရလာလေသည်။

" ဟန် !!! "

သူသည် ဟန့်ကို အော်‌ခေါ်လိုက်ရင်း နိူးထလာခဲ့သည်။
သူ့အိပ်မက်ထဲတွင် ဟန်သည် သူ့ကိုကျောခိုင်းကာ ထွက်သွားခဲ့သည်။
သူသည် အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး အိပ်ရာပေါ်မှခြေချထိုင်လိုက်သည်။

ထိုအချိန်တွင် ခိုင်သည် အထဲသို့ဝင်လာလေသည်။ ကုန်းကျွင့်သတိရနေသည်ကို မြင်သောအခါ အပြေးခစား၏။

" အရှင့်သား ! သတိရလာပြီလား "

" ထစမ်းပါ ခိုင် ၊ ဟန်ရော ကိုယ်တော် ဟန့်ကိုတွေ့ချင်တယ် "

ခိုင်သည် ပြန်မဖြေနိုင်ဘဲ ခေါင်းငုံ့ထားလေသည်။
ကုန်းကျွင့်သည် ထရပ်လိုက်ပြီး ရွှီခိုင်၏အနားသို့ရောက်လာကာ

" ခိုင် ပြောစမ်း ဟန် ဘယ်မှာလဲ "

" ကျယ်ဟန့်လေးကို တောအုပ်အရှင် ဂရုစိုက်ပေးနေပါတယ် အရှင့်သား ၊ အခုထိတော့ သတိရမလာသေးဘူး "

" လီဟွားရော "

" လီဟွားလည်း အတူတူပါပဲ "

ကုန်းကျွင့်သည် သူ့အခန်းမှထွက်ကာ ဟန်နှင့်လီဟွားတို့ရှိနေရာ အခန်းသို့ ပြေးသွားလေသည်။
အခန်းထဲသို့ဝင်လိုက်သည်နှင့် ရိထျန်းကို ဟန်၏အိပ်ရာဘေးတွင် တွေ့ရ၏။
စိုးရိမ်နေသော မျက်ဝန်းတို့ဖြင့်ရှိနေကာ အကြည့်တို့သည် ဟန့်မျက်နှာလေးမှ မခွာပေ။

" ဟန် ! "

" မင်းသား ၊ သတိရလာပြီလား "

" ဘာတွေဖြစ်ကုန်တာလဲ တောအုပ်အရှင် ၊ ကျွန်တော် ဘာမှ နားမလည်တော့ဘူး "

ကုန်းကျွင့်သည် အခြေအနေအရပ်ရပ်ကို နားမလည်နိုင်တော့သည်ဖြစ်ရာ ရိထျန်းကို မေးမြန်းရတော့သည်။
သူသည် သူမေ့မြောသွားသည်ကိုသာ မှတ်မိနေသည်မဟုတ်ပါလား။
ရိထျန်းသည် ဟန်၏ တိတ်တဆိတ် စီစဉ်နေမှုများကို ပြောပြကာ ကျိန်စာဖြေပူဇော်ပွဲအထိ အကြောင်းအရာများကို ရှင်းပြလေသည်။

ကုန်းကျွင့်သည် လက်သီးကို တင်းတင်းဆုပ်ကာ တာ့ယွီသို့ ပြန်ရန်ပြောစဉ်က ငြင်းပယ်နေသော မျက်နှာလေးကို ပြန်မြင်ယောင်နေမိသည်။
ဟန်ငယ်သည် သူမသိအောင် သူ့ကျိန်စာကိုဖြေပေးနိုင်ရန် ကြိုးစားနေခဲ့သည်။
သူသိလျှင်လည်း ဟန်သာ ဒုက္ခရောက်မည်ဆိုလျှင် လက်ခံခဲ့မည် မဟုတ်ပေ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora