အပိုင်း - ၁၄

282 45 35
                                        

Unicode

ကုန်းကျွင့်တို့ အဖွဲ့သည် ကျောက်ဆောင်ကြီး၏ အဝင်လမ်းအတိုင်း သတိထားကာ ဝင်ရောက်လာခဲ့သည် ။
ဒီနေရာသည် ယခင်မင်းကြီးလက်ထက်က ပိတ်ပစ်လိုက်သော ယစ်ပူဇော်ကမ်းပါးဖြစ်သည်။
ယစ်ပူဇော်ကမ်းပါးသည် လူသူအရောက်အပေါက်နည်းသည့်နေရာတွင် ရှိ၏။
တာ့ယွီမင်း အဆက်ဆက်တို့သည် ဤကမ်းပါးကြီးတွင် ယစ်ပူဇော်ခြင်းအလေ့ကို ညှာတာမှုကင်းစွာ လုပ်ဆောင်ခဲ့ကြ၏။

ယခင်မင်းကြီးလက်ထက်တွင်မှ သတ္တဝါတို့ကို မေတ္တာထား၍ တောကြီးကိုပါ ဘေးမဲ့ပေးကာ ဂရုတစိုက်ကာကွယ်ထားခဲ့သည်။
ယခု ဤနေရာသို့ လီဟွားနှင့် ကျယ်ဟန့်တို့ကို အဘယ်ကြောင့် ဖမ်းခေါ်လာရသနည်း။

ကုန်းကျွင့်သည် ထိုသို့တွေးကာသွားနေရင်း လူတစ်ယောက်ကို တွေ့ရလေသည်။
ထို့ကြောင့် မီးတုတ်ကို အောက်သို့နှိမ့်လိုက်ပြီးကြည့်လိုက်သည်။

ရန်က ရှေ့သို့တိုးလာကာကြည့်၏။

" ဝမ် ! "

ရန်သည် အံကြိတ်ကာခေါ်လိုက်ပြီး ဝမ့်ကို ပွေ့ကာထိုင်စေလိုက်သည်။ ဝမ်သည် ပါးစပ်မှသွေးများ စီးကျနေလျှက် ရင်ဘတ်တွင် ဒဏ်ရာတစ်ခုရှိနေလေသည်။

ဝမ်သည်မျက်လုံးကို အားတင်း၍ဖွင့်ကာ

" ရောက်  လာ  ကြ  ပြီ  လား "

" ဝမ် ! "

" သူတို့  ယစ် ပူ ဇော် ဖို့ လုပ်နေကြတယ်  ကျွန်တော့်ကို  သူတို့တွေ့သွားတယ်  တရားခံက  မိဖုရားကြီး  ကိုယ်တိုင်ပဲ "

ဝမ်သည် ထိုမျှသာပြော၍ ခေါင်းငိုက်စိုက်ကျသွားလေသည်။
ရန်သည် အံကြိတ်ကာ ကုန်းကျွင့်ကို မော့ကြည့်လာသည် ။
ကုန်းကျွင့်သည် ထိုစကားတို့ကိုကြားရလျှင် မျက်နှာသည် အေးစက်ခက်ထန်သွားလျှက် အံကြိတ်၏ ။

တိုင်းပြည်၏ မိဖုရားကြီးကိုယ်တိုင်က နိုင်ငံ၏ဥပဒေကို ချိုးဖောက်ခြင်းပင် ။
ထိုဥပဒေကလည်း သေဒဏ်ကျခံရမည့် ဥပဒေမျိုး ။
ကုန်းကျွင့်သည် ဒေါသအရှိန်ဖြင့် သွေးများပင် ပွက်ပွက်ဆူလေပြီ။

ထို့ကြောင့် ဟန်တို့ကို ပူပန်သွားကာ လျင်မြန်စွာဆက်လျှောက်သွား၏။
ခိုင်ကလည်း အပြေးလိုက်ရကာ ရန်က ဝမ့်ကို သက်သောင့်သက်သာလှဲနေစေခဲ့ပြီး အပြေးလိုက်ရပြန်သည် ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora