အပိုင်း ၂၅

288 39 51
                                        

Unicode

ကုန်းကျွင့်တို့အဖွဲ့လေးသည် ဖြည်းဖြည်းမှန်မှန်သာ အနားယူရင်း ခရီးဆက်ခဲ့ကြရာ ဆယ်ရက် လွန်ပြီးသောအခါ တာ့ယွီမြို့ရိုးသို့ ရောက်လေသည် ။
သူတို့သည် လှည်းကို ဖြေးဖြေးချင်း မောင်းနှင်နေရ၏။

အကြောင်းမှာ လှည်းအပြင်ဘက်သို့ ငေးကြည့်ကာ ပျော်ရွှင်နေသော ကလေးစိတ်လေး ဟန်ငယ်ကြောင့် ဖြစ်လေသည်။
လီဟွားသည် မြို့ရိုးတံခါးမှ ဝင်ရောက်သည်နှင့် ရှေ့မှ ခိုင်နှင့်အတူသွားထိုင်ကာ စကားပြောနေ၏။

ကျယ်ဟန့်မှာလည်း ခရီးတစ်လျှောက်လုံး မြင်လာရသော ကုန်းကျွင့်ကို မရင်းနှီးသေးသော်လည်း အရင်လို ကြောက်ရွံ့ခြင်းမျိုးမရှိတော့ပေ။ ခရီးအတူသွားသူအဖြစ် လက်ခံကာ အေးအေးဆေးဆေးပင် ဖြစ်၏။

သို့သော် ကုန်းကျွင့်ကိုမူ ယခုအထိ စေ့စေ့ပင် မကြည့်သေးပါ။
ကုန်းကျွင့်မှာလည်း ကျယ်ဟန့်ကို ရင်းနှီးအောင် ကြိုးစားချင်ပါသော်လည်း သူ့ကို ပို၍ကြောက်ရွံ့ကာ ရှောင်ဖယ်သွားမည့် အဖြစ်ကြောင့် ရှေ့မတိုးရဲဘဲ ဖြစ်နေလေသည်။

ကျယ်ဟန့်လေးသည် ကုန်းကျွင့်ကို မေ့နေကာ သူ့အာရုံနှင့်သူသာ အပြင်သို့ငေးရင်း သွားလေးများပေါ်အောင်ပင် ရယ်နေလေသည်။

ကုန်းကျွင့်မှာ ထိုမျက်နှာကိုသာ‌ ငေးကြည့်၍ ပြုံးနေလေသည်။
ကုန်းကျွင့်တို့သည်ယနေ့ နေ့လည်ဆိုလျှင် နန်းတော်သို့ ရောက်ပေလိမ့်မည် ။
တလမ်းလုံးရှင်းပြလာသော လီဟွားကြောင့် ကျယ်ဟန့်မှာ သူတို့သည် နန်းတွင်းထဲတွင် အရှင့်သား၏လက်အောက်တွင် အမှုထမ်းရမည်ဖြစ်ကြောင်းသိရှိထားလေသည်။

သူ့ကိုယ်သူကိုတော့ဖြင့် ဆယ်နှစ်သားဟုသာ ထင်နေခြင်းက ဖျောက်မရသေးဘဲ အစ်မဖြစ်သူကို အရွယ်ရောက်သူဟု လက်ခံပေးထားခြင်းက ရယ်တော့ရယ်ချင်စရာပင်။

" သကြားလုံးချိုချိုတွေ သကြားလုံးချိုချိုတွေ "

" ဟင် ! "

ကျယ်ဟန့်သည် ယုန်လေးများ နားရွက်ထောင်သကဲ့သို့ ဆတ်ခနဲ‌ ခေါင်းထောင်သွားကာ အပြင်သို့ ခေါင်းလေးထွက်ကြည့်၏။
ထို့နောက် ကုန်းကျွင့်ကို မဝံ့မရဲကြည့်ကာ ပြော၏။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now