အပိုင်း - ၃၀

261 41 59
                                        

Unicode

ယနေ့သည် ကျန်းကျယ်ဟန့်သည် ယန်ရှင်း၏နန်းဆောင်သို့လာရောက်၍ ပန်းချီဆွဲရသော နောက်ဆုံးနေ့ဖြစ်လေသည်။
ကုန်းကျွင့်သည် ညနေပိုင်း မင်းကြီးနှင့် စစ်ရေးစစ်ရာကိစ္စများဆွေးနွေးရန် အခစားဝင်ချိန်တွင် ကျန်းကျယ်ဟန့်သည် ရန် ကိုခေါ်လျက် ယန်ရှင်း၏နန်းဆောင်သို့လာကာ အိမ်ရှေ့စံ၏ ပုံတူပန်းချီကားကို ရေးဆွဲပေးလေ့ရှိသည်။

ကုန်းကျွင့်သည် စိတ်မချသော်လည်း ကိုယ်ရံတော်ရန်ပါသည်ဟူသော အတွေးဖြင့် လွတ်ထားရခြင်းဖြစ်သည်။
သူ့သဝန်တိုမှုကြောင့် ဟန်ငယ်စိတ်အနှောင့်အယှက်ဖြစ်ရမည်ကို မလိုလားပေ။

ကျန်းကျယ်ဟန့်သည် အဆုံးသတ်အနေနှင့် ပန်းချီကား၏ ညာဘက်အောက်ထောင့်တွင်သူ၏နာမည်ကို လှပစွာရေးထိုးလိုက်သည်။
ထို့နောက် ပန်းချီပစ္စည်းများကို သိမ်းဆည်းကာ အိမ်ရှေ့စံကို ပြုံးပြလာ၏။

" သဘောကျရဲ့လားဟင် ဟန်က သိပ်မကျွမ်းကျင်တော့ အိမ်ရှေ့စံ သဘောမကျမှာ ကြောက်တယ် "

ကျန်းကျယ်ဟန့်ပင် အိမ်ရှေ့စံကို အဆင်ပြေစွာ စကားပြောနိုင်ပြီဖြစ်သည်။ သူတို့၏ ဆက်ဆံရေးသည် အခုနောက်ပိုင်းတွင် အဆင်ပြေလာ၏။

ယန်ရှင်းသည် ပန်းချီကားကို စိုက်ကြည့်ကာ ခံစားရင်း ခေါင်းငြိမ့်၏။

" သဘောကျပါတယ် ကျယ်ဟန့်က သိပ်တော်တဲ့ပန်းချီဆရာပဲ "

" အဟီး.... ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ "

ကျန်းကျယ်ဟန့်သည် ကလေးဆန်ဆန်ရယ်မောကာ ကျေးဇူးတင်စကားဆိုရင်း သူ့ပန်းချီပစ္စည်းများကို ထုတ်ပိုးကာ နှုတ်ဆက်၏။

" ဒါဆို ဟန့်ကို ခွင့်ပြုပါဦး "

ကျန်းကျယ်ဟန့်သည် ထွက်သွားရန်ပြင်လျှင် ယန်ရှင်းသည် ကျယ်ဟန့်၏ လက်ကောက်ဝတ်ကို ဆွဲထားလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲယူလိုက်သည်။

" ကျယ်ဟန့် "

" ဗျာ ! "

" မင်းနဲ့ အစ်ကိုတော်က ဘယ်လိုပတ်သက်လဲ "

" ကိုကိုက ဟန့်ကို စောင့်ရှောက်ပေးနေတာပါ "

ယန်ရှင်းသည် ကျယ်ဟန့်၏ ကိုယ်ဝန်ကိစ္စကို မသိသေးပေ။ ကုန်းကျွင့်ကိုယ်တိုင်ကလည်း သူ့နန်းဆောင်နှင့် မင်းကြီးကိုယ်တိုင်မှလွှဲ၍ သတင်းမပြန့်စေရန် သေချာစီစဉ်ထား၏။
လီဟွား၏နန်းဆောင်မှ နန်းတွင်းသူများပင် မသိ‌ကြပေ။ လီဟွားတစ်ယောက်သာ သိလေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora