အပိုင်း - ၆

380 65 46
                                        

#unicode

အိမ်ရှေ့စံကုန်းကျွင့်ပြန်သတိရလာချိန်တွင် ပထမဆုံးခံစားမိသည်က အလင်းရောင်သည် သူ့မျက်လုံးတို့ကို တိုက်ရိုက်ထိတွေ့နေခြင်းပင် ။
ထို့ကြောင့် မျက်လုံးတို့ကို လက်ဖြင့်ကာရင်း ထထိုင်ရန်ကြိုးစားလိုက်သည် ။

" အ "

လက်မှ ဒဏ်ရာကြောင့် ပြန်လှဲကျသွား၏ ။
သူ့အသံကြောင့်ထင် ။
လူငယ်လေးသည် အခန်းကျဉ်းလေးထဲသို့ ပြေးဝင်လာသည် ။

" ခင်ဗျားနိူးပြီလား "

သူသည် ထထိုင်နေရာမှရုတ်တရက် မျက်လုံးတို့ကို ကွယ်ထားလိုက်ကာ အော်လိုက်မိသည် ။

" ဟေ့ ဘာလို့ဝင်လာတာလဲ ငါ့မျက်လုံးစည်းတဲ့ပဝါရော ဘယ်မှာလဲ "

သူ့အော်သံကြောင့် ထိုကောင်လေးမှာ ရပ်တန့်သွားပြီး ‌ရှင်းပြလာသည် ။

" ဟို ခင်ဗျားပဝါက ချွေးတွေနဲ့မို့ လျှော်ထားပေးတယ် ၊ ဒီမှာ ကျွန်တော့် ပဝါအပါးလေးရှိတယ် ၊ ဒါလေးနဲ့ အရင်စည်းထားလိုက်နော် ၊ ရလား ကျွန်တော် စည်းပေးရမလား "

" ဟေ့ မလာနဲ့ ငါ့ကို လှမ်းပေးပြီး မင်း နောက်ပြန်ဆုတ် "

" ဗျာ ! ဟုတ် ဟုတ်ကဲ့ပါ "

ကျန်းကျယ်ဟန့်သည် ဒေါသဖြစ်နေသော ထိုလူကိုနားမလည်စွာ ပဝါလေးကို ခပ်လှမ်းလှမ်းမှ ကမ်းပေးလိုက်သည် ။
တစ်ဖက်သို့လှည့်၍ ပဝါကိုစည်းနှောင်နေသော ထိုလူကိုကြည့်ကာ သိချင်စိတ်ကိုလည်း ထိန်းမရနိုင်။

" ခင်ဗျားက မျက်မမြင်လဲမဟုတ်ဘဲ ဘာလို့စည်းထားတာလဲဟင် နေရမခက်ဘူးလား "

" မင်းနဲ့ဘာဆိုင်လဲ "

ကုန်းကျွင့်က စိတ်မရှည်စွာ ပြန်ပြောလိုက်သော်လည်း ထိုကောင်လေးမှာ မျက်လုံးဝိုင်းလေးများဖြင့်ကြည့်နေကာ စိတ်ကွက်ဟန်မပြပါ ။
ထို့အပြင် လက်လေးကာပြလာပြီး ရှင်းပြသည် ။

" ဘာမှတော့မဆိုင်ပါဘူး စိတ်ထဲထူးဆန်းလို့ပါ စိတ်မရှိပါနဲ့ "

" မင်း ကိုယ်...ငါ့ကို ဘာလုပ်ပေးထားတာလဲ "

ကိုယ်တော်ဟု ပြောမိတော့မည့် ပါးစပ်ကို အချိန်မှီ ထိန်းလိုက်ရသည် ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora