Unicode
( ဟန်ငယ့်ကို လွမ်းလို့ 🥺🥺🥺)
ကုန်းကျွင့်သည် ယနေ့ နန်းတော်မှပြန်လာသည့်လမ်းတွင် ကျန်းကျယ်ဟန့်ကြိုက်နှစ်သက်သော သကြားလုံးလေးများရောင်းချနေသည်ကို တွေ့သဖြင့် ဝယ်ယူလိုက်သည်။
သူသည် ယခုအခါ မုန့်ဝယ်ယူလျှင် နှစ်ယောက်စာဝယ်ယူရလေသည်။
ကျင်းရန်လေးကလည်း သကြားလုံးကို ကြိုက်လွန်းသည်ဖြစ်ရာ သားအဖနှစ်ယောက်သည် တစ်ခါတရံသကြားလုံးလုနေတတ်ကြသေးသည်။သူသည် သူ့ရတနာလေးများနှစ်သက်သည့် မုန့်များကိုရသည်နှင့် အိမ်တော်သို့ အလျင်အမြန်ပြန်ခဲ့လေသည်။
အိမ်တော်သို့ရောက်လျှင် အိမ်တော်အလယ်ရှိ ရေကန်နံဘေးတွင် ကျင်းရန်လေးနှင့်အတူ ဆော့ကစားနေသော ကျန်းကျယ်ဟန့်ကို တွေ့ရလေသည်။" ဟန်ငယ်... သားတော်လေး..."
" ဟင် "
" ခမည်းတော် "နှစ်ယောက်သားသည် သူ့ထံသို့ ပျော်ရွှင်စွာပြေးလာကြပြီး ကြိုကြသည်။
ကုန်းကျွင့်သည် ကျင်းရန်ကိုပွေ့ချီနိုင်ရန် ကျန်းကျယ်ဟန့်ထံသို့ သကြားလုံးအိတ်ကို ပေးလိုက်သည်။" ခမည်းတော် ပြန်လာပါပြီလား "
" ဟုတ်ပါ့ဗျာ "
ကျန်းကျယ်ဟန့်သည် သူ့လက်ထဲရောက်လာသော အိတ်လေးကို ဖွင့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးများ ကော့တက်လာအောင်ပင် ပြုံးလေသည်။
" သကြားလုံးတွေ "
" ဟင် "
ကျင်းရန်လေးသည် မုန်လာဥနံ့ရလိုက်သော ယုန်လေးကဲ့သို့ နားစွင့်ပြီးသားဖြစ်နေလေသည်။
ကျန်းကျယ်ဟန့်သည် ထိုအိတ်ကို သေချာဖွင့်ကြည့်ကာ ထပ်ပြောပြန်သည်။" သကြားလုံးတွေ မြေပဲသကြားလုံးတွေ "
ကျင်းရန်လေးသည် ကုန်းကျွင့်၏ကိုယ်ပေါ်မှ စောင်းချလာကာ ကျန်းကျယ်ဟန့်၏လက်ထဲမှ သကြားလုံးများကို လုယူရန်ကြိုးစားနေသည်။ ကျန်းကျယ်ဟန့်သည် ကိုယ်ကို စောင်းကာရှောင်တိမ်းလိုက်ပြီး ရယ်နေ၏။
" ပါး သားတော်ကိုလည်း ပေးပါ "
" ဘယ်ရမလဲနော် "
أنت تقرأ
أدب الهواةUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...