အပိုင်း ( ၃ )

325 58 6
                                    

#unicode

ရှစ်နှစ်ခန့်ကြာပြီးနောက် .........

လူငယ်လေးသည် ကမ်းပါးယံထိပ်တွင်ရပ်၍ မြို့တော်ကြီးကို ငေးနေမိသည် ။
ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီးကို မျက်စိအောက်တွင် ကျယ်ကျယ်ပြန့်ပြန့် စုစုစည်းစည်းမြင်နေရသည်။
ဒီအချိန်တွင် မြို့တော်ကြီးမှာ လူများပျားပန်းခတ်မျှ စည်ကားနေလိမ့်မလား ။ သူ မသိပါ ။

သူသည် တောတွင်းထဲ၌ နေ၍ အလှအပကို ခံစားနားလည်နေသူတစ်ယောက်သာ ဖြစ်လေသည် ။
သူ့ရှေ့တွင် ပန်းချီဆွဲရန် စက္ကူစတစ်ရွက်နှင့် လက်ထဲတွင် စုတ်တံတစ်ချောင်းသာ ပိုင်ဆိုင်လေသည် ။

မြို့တော်အလယ်ရှိ တာ့ယွီ၏ ကျက်သရေဆောင် နန်းတော်ကြီးကို မြင်ရလျှင် သူသည် နှုတ်ခမ်းလေးများ ဖွင့်ဟသည်အထိ တမေ့‌တမောငေးမိပါသည် ။
သူ့မြင်ကွင်းထဲရှိ နန်းဆောင်တို့၏ အလှသည်လည်း တဖျတ်ဖျတ် ကွန့်မြူးလာသယောင်ယောင် ။
အစ်မဖြစ်သူကတော့ ကမ်းပါးယံကြီးသို့ လာရောက်၍ သိုင်းပညာလေ့ကျင့်သည့် အချိန်တိုင်း ငါက နန်းတွင်းမှာ စစ်သူကြီးဖြစ်နေရမှာဟု တဖွဖွ ပြောနေတတ်သည် ။

ယခုတော့ သူတို့သည် တာ့ယွီမြို့ကြီးမှာပင် မနေနိုင်တော့ဘဲ ဤကမ်းပါးယံကြီးတွင် ပုန်းခိုနေထိုင်နေရလေသည် ။
အတိတ်တို့ကား နာကျည်းဖွယ်ကောင်းလှ၏။ သေအံ့ဆဲဆဲ အဖြစ်တို့မှ လွှတ်မြောက်အောင် ကြိုးစားရုန်းထွက်ခဲ့ကြရသည် ။

လွန်ခဲ့သော ငါးနှစ် ။ ဟုတ်ပါသည် သူတို့သည် ကျန်းအိမ်တော်ကို စွန့်ခွါ၍ ဤကမ်းပါးယံကြီးတွင် နေထိုင်နေရသည်မှာ ငါးနှစ်ရှိလေပြီ ။

" မမ ဟို အပင်ပေါ်က ပန်းခိုင်လေးကို သား ပန်းချီဆွဲချင်လို့ ခူးပေးမလားဟင် "

" ဘယ်မှာလဲ "

" ဟိုး....မှာ "

လီဟွားသည် ကျယ်ဟန့်ကို အလိုလိုက်သည့်အလျှောက် အပင်ဆီသို့ လျှောက်သွား၏ ။
ထို့နောက်အပင်ပေါ်သို့ စတက်လေသည် ။

ကျယ်ဟန့်သည် ပန်းချီပညာကို သင်ယူနေသည်မှာ သုံးနှစ်မျှရှိပြီမို့ ပါရမီရှိသူပီပီ အတော်ပင် ပညာရလာပြီဖြစ်သည် ။
ဆရာဖြစ်သူကလည်း အလွန်ပင် ချီးကျူးကာမြှောက်စားသည်မို့ မိမိကိုယ်ကိုယ်လည်း ကျေနပ်နေရပါသည် ။
သူ၏ ပညာသင်ဖက်တို့ကတော့ မိဘမရှိသော သူ့ကို အရူးကစိတ်ယဉ်နေတယ်ဟုသာပြောကြလေသည် ။ ကျယ်ဟန့်မှာ ဂရုမစိုက်မိပါ ။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Opowieści tętniące życiem. Odkryj je teraz