Unicode
လီဟွားနှင့် ရွှီခိုင်တို့သည် လူမိုက်များအားလုံးကို တိုက်ခိုက်ကာ ကြိုးဖြင့်ချည်နှောင်၍ ဖမ်းဆီးထားလေသည် ။
သူမက တိုက်ခိုက်ကာ ထွက်သွားရန်ပြင်သော်လည်း ရောက်လာသော ထိုလူက ဖမ်းရန်ပြောသဖြင့် သူမလည်း ပြန်လှည့်လာကာ ကူညီပေးခြင်းဖြစ်သည် ။
ထိုလူများမှာ ဒဏ်ရာဒဏ်ချက်များဖြင့် လက်နောက်ပစ်၍ ဒူးတုတ်လျှက်သား ထိုင်နေကြရလေသည် ။
ခိုင်က မြို့တော်တရားရုံးသို့ လူလွှတ်ကာ လူဆိုးထိန်းရဲမက်တို့ကို အခေါ်လွှတ်လိုက်သည် ။
" မင်း သိုင်းပညာ မဆိုးဘူး ၊ ပြီးတော့ အလင်းစံအိမ်က သိုင်းပညာမျိုးတွေ့ရတယ် ၊ မင်းက ပထမသခင်ကြီးရဲ့ တပည့်လား ဒုတိယသခင်ကြီးရဲ့တပည့်လား "
" ရှင်က အလင်းစံအိမ်ကိုသိနေတာလား ၊ လီဟွားက ဒုတိယသခင်ကြီးရဲ့ တပည့်ပါ ၊ အခု ဆရာကြီးရဲ့အိမ်မှာ နေပါတယ်"
ခိုင်မှာ အံ့ဩသွား၏ ။
သူ့ဦးလေးက ကလေးမွေးစားသည်ဟုဆိုရာတွင် ဤမျှအရွယ်ရောက်ပြီးသူဟု ထင်မထားပါ ။
" ဒါဆိုမင်းက ဦးလေးရဲ့ မွေးစားသမီးပဲ "
" ဟင် ဦးလေး ဟုတ်လား "
" ဟုတ်တယ် ငါက ပထမသခင်ကြီးရဲ့သားပဲ အလင်းစံအိမ်က သခင်လေး ရွှီခိုင်လေ "
လီဟွားမှာ စံအိမ်တော်မှ သူ့အစ်ကိုတော်ရမည့်သူဖြစ်နေသည်မို့ လက်လေးယှက်ကာ အရိုအသေပေး၏ ။
" အာ လီဟွားမသိလို့ တောင်းပန်ပါတယ် "
ခိုင်မှာ ထိုကောင်မလေးကိုကြည့်ကာ ရယ်မိလေသည် ။
" ဒီမှာ မင်းက မိန်းကလေးဖြစ်ပြီး မိန်းကလေးလို အရိုအသေပေးသင့်တာပေါ့ "
လီဟွားမှာ ရှက်ရွံ့သွား၏ ။
သူမသည် ငယ်စဉ်ကပင် ကျားကျားလျားလျားနေလာခဲ့ရသည် မဟုတ်ပါလား ။
ခိုင်က နီရဲသွားသောမျက်နှာလေးကြောင့် တောင်းပန်စကားဆို၏။
" စိတ်ထဲမထားပါနဲ့ ဖေဖေက မင်းကို အလင်းစံအိမ်ရဲ့ ဓလေ့ထုံးစံတွေသင်ကြားပေးဖို့ ကူညီပေးပါလိမ့်မယ် "
YOU ARE READING
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...