အပိုင်း - ၃၆

350 42 67
                                        

Unicode

ကျန်းကျယ်ဟန့်သည် မင်းသား၏ နားနေအဆောင်တော်သို့ ပြန်ရောက်လာ၏။
ထိုအခါ သူသည် သူ့မျက်လုံးမှပဝါပါးကိုပြန်ဖြုတ်ယူကာ လက်ကောက်ဝတ်တွင် ပြန်ချည်လိုက်သည်။

" ကြင်ယာတော် အနားယူပါ "

" ကိုကိုရော ? ကိုကို့ကို တွေ့ချင်တယ် "

ကိုယ်ရံတော် အိုက်ရှင်းသည် အကြံအိုက်သွားပုံဖြင့် ငြိမ်ကျသွား၏။
ကြင်ယာတော်ကို စစ်ပွဲမှဝေးရာ၊ ဘေးကင်းရာတွင် သေချာဂရုစိုက်ထားရန် မင်းသားက အမိန့်ချထား၏။
သူတို့သည် ဟွမ့်ကျိုးမြို့အစွန်ရှိ မင်းသား၏စံတဲတွင် ပြန်ရောက်နေပြီဖြစ်သည်။

သွားချည်ပြန်လှည့်လုပ်ရန် နီးသောခရီးလည်း မဟုတ်ပေ။
ထို့ကြောင့် အတတ်နိုင်ဆုံး ကြင်ယာတော်ကို ချော့မော့ထားရန်သာ ကြိုးစားရလေသည်။

" ကြင်ယာတော်ဆီကို မင်းသားက နောက်မှလိုက်လာပါ့မယ်လို့ အမှာရှိထားပါတယ် ၊ မင်းသား အလုပ်ရှုပ်နေတာ ကြင်ယာတော်လည်း မြင်ခဲ့တာပဲ မဟုတ်လား "

" ဟုတ် ဟန် သိပါပြီ ၊ ဟန် အဲ့နေရာကို ပြန်မသွားချင်ဘူး ၊ လူတွေက ဓားတွေလှံ‌တွေနဲ့ ကြောက်စရာကြီး "

ကျယ်ဟန့်က ထိုသို့ပြောကာ ခုံပေါ်သို့ ခြေထောက်နှစ်ချောင်းလုံးကို တင်ကာ ထိုင်နေ၏။
အိုက်ရှင်းသည် ကြင်ယာတော်ကို ထားခဲ့ကာ အပြင်သို့ ထွက်သွား၏။
သူတို့သည် ကြင်ယာတော်အန္တရာယ်ကင်းစေရန် စံမြန်းအဆောင်တော်ဝန်းကျင်ကို လုံခြုံရေးချရမည်ဖြစ်သည်။

ကျယ်ဟန့်သည် တစ်ယောက်ထဲကျန်ခဲ့သည်နှင့် မြင်ရသောမြင်ကွင်းများနှင့်အတူ သူ့အာရုံတွင် မြင်ယောင်လာခဲ့သော တိုက်ပွဲမြင်ကွင်းများကို ပြန်တွေးနေမိသည်။

သူသည် ချောက်ကမ်းပါးကြီးတွင်ရှိနေခဲ့ပြီး သူ့အနားတွင် ရက်စက်ကြမ်းကြုတ်သော လူများရှိနေခဲ့သည်။ ထိုလူများသည် သူ့ကို သတ်ဖြတ်ရန်ကြိုးစားနေပြီး သူကလည်း ပြန်လည်တိုက်ခိုက်နေခဲ့၏။

သို့သော် မြှားတစ်စင်းသည် သူ့ရင်အုံသို့စိုက်မှန်ကာ သူသည် အမှောင်ထဲသို့ လွှင့်စင်သွားခဲ့၏။
ထို့နောက်သူသည် ခေါင်းများကိုက်ခဲလာကာ သူ့ခေါင်းကိုလက်နှစ်ဖက်ဖြင့် ဖိကိုင်ထားလိုက်သည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora