အပိုင်း - ၁၁

319 50 81
                                    

Unicode

တာ့ယွီမင်းကြီးသည် တော်ဝင် စာဖတ်ဆောင်တွင်ရှိနေလျှက် ကဏ္ဍအသီးသီးမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ရှုနေလေသည် ။
အထိန်းတော်ကြီးသည် အနားတွင် မင်တုံးကိုသွေးလျှက် အမိန့်စာများထုတ်ပြန်ရေးသားနိုင်ရန် အဆင်သင့်ပြုလုပ်ပေးနေသည်။

ထိုအချိန်တွင် ကိုယ်ရံတော်ချန်သည် တော်ဝင် စာကြည့်ဆောင်သို့ ဝင်ရောက်လာ၏။
မင်းကြီးကို ဒူးထောက်၍ အရိုအသေပေးလိုက်သည်။
ထို့နောက် မင်းကြီးကို လျှောက်တင်၏။

" အိမ်ရှေ့စံပြန်ရောက်လာပါပြီ မင်းကြီး အလင်းစံအိမ်ကို တပ်မှူးလေးခိုင်နဲ့အတူ လိုက်ပါသွားတာပါ "

" အင်း....ကောင်းပြီ "

မင်းကြီးသည် စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချပြီး ဘာမှမပြောတော့ပေ။
သဝဏ်လွှာများကိုသာ ဆက်ဖတ်နေလေသည်။
ခဏအကြာအထိ ဒူးထောက်လျှက်သားရှိနေသော ကိုယ်ရံတော်ကြောင့် သဝဏ်လွှာကို ချကာမေးလာ၏။

" ‌လျှောက်တင်စရာများရှိသေးလား "

" ရှိပါတယ် မင်းကြီး အလင်းစံအိမ်ရဲ့ ဒုတိယသခင်ကြီးက အရွယ်ရောက်ပြီး ကလေးနှစ်ယောက်ကို မွေးစားလိုက်ပါတယ် "

" အင်း....ရွှီကျင့်က လူပျိုကြီးမဟုတ်လား ဘယ်လိုဖြစ်ပြီး အိမ်ထောင်ပြုဖို့ စိတ်မကူးဘဲ သူများကလေးကိုမွေးစားရတာလဲ "

မင်းကြီးသည် အလင်းစံအိမ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ဖြစ်ရာ ရွှီကျွင့်က ကလေးမွေးစားသည်ဟုဆိုလျှင် မဆိုစလောက်အံ့ဩသွား၏။

" ကျန်းသမားတော်ကြီးရဲ့ သားနဲ့သမီးလို့ ဆိုပါတယ် မင်းကြီး ၊ ရွှီကျင့်သခင်ကြီးနဲ့ ကျန်းသမားတော်ကြီးတို့က ရင်းနှီးတဲ့ ညီအစ်ကိုလို ဆက်ဆံရေးမျိုးပါ "

" ဪ "

" အဲ့ကလေးနှစ်ယောက်က အမြွှာလေးတွေပါ မင်းကြီး စုံစမ်းကြည့်တော့ မင်းသားလေးနဲ့အတူတူ တစ်ညထဲမှာ မွေးဖွားလာတာပါ "

" ဘာ ! "

မင်းကြီးမှာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်မိရာ ရုတ်တရက်မို့ မူးဝေကာ ယိုင်နဲ့သွား၏။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Tempat cerita menjadi hidup. Temukan sekarang