#unicode
ကုန်းကျွင့်သည် တောထဲတောင်ထဲတွင် ရာသီဥတုက အေးစိမ့်လာသည်ဖြစ်ရာ မီးဖိုလိုက်သည် ။
ထို့နောက် မေ့မြောနေသော ထိုသူငယ်ကို မီးဖိုနှင့် မလှမ်းမကမ်းရှိ အပင်ကြီး၏ အောက်ခြေသို့ ရွေ့ထားလိုက်သည် ။
ခြေလက်တို့ကို ချည်နှောင်ထားသည်မို့ ဒီသူငယ် သတိရလာလျှင်ပင် ပြေးနိုင်လိမ့်မည်မဟုတ်ပေ ။
မီးဖိုတွင် လက်တို့ကို နွေးအောင် ကင်လိုက်ပြီး ထလာကာ ထိုသူငယ်၏ မျက်နှာကို သေချာငုံ့ကြည့်လိုက်သည် ။
ဖြူစင်သော မျက်နှာလေးက သူလျှိုဟု မထင်ရက်စရာ သို့သော် ထိုမျက်နှာလေးကပဲ မရိုးသားမှု အပြည့်နှင့် သံသယဝင်စရာ ကောင်းနေပြန်ပါသည် ။
နာမည်မပြောနိုင် နေရပ်မပြောနိုင်နှင့် ။
သူသည် ထိုမျက်နှာလေးကို သေချာစူးစိုက်ကြည့်မိရင်း နီးကပ်သွားမိသည်ကို သတိမထားမိပေ ။
ထိုအချိန်တွင် မျက်လုံးမပွင့်တပွင့်နှင့် ထိုကောင်လေးက ဆတ်ခနဲ ထထိုင်လာသည် ။
သူလန့်ကာနောက်ဆုတ်လိုက်မိသော်လည်း ထိုကောင်လေး၏ နှုတ်ခမ်းတို့က သူ့နှုတ်ခမ်းတို့ကို ပွတ်ဆွဲသွားကာ နမ်းမိသကဲ့သို့ ဖြစ်သွားလေသည် ။
" ဟင် ! "
နောက်ကိုလှန်ကျသွားရင်း ကိုယ့်နှုတ်ခမ်းကို အုပ်ထားမိလိုက်သည် ။
တစ်ကိုယ်လုံး ထူပူသွားရလေသည် ။
အိပ်ချင်မူးတူးပုံစံဖြင့် ထိုကောင်လေးက သတိထားမိပုံမပေါ်ပေ ။
ပူးချည်ထားသော လက်လေးဖြင့် သူ့မျက်လုံးသူ ပွတ်သပ်နေလေသည် ။
သူလည်း ကပျာကယာထရပ်ကာ ခမောက်ကိုပြန်ကောက်ဆောင်းထားလိုက်ရသည် ။
ထိုကောင်လေးမှာ မျက်စိကြည်လာမှပင် သူ့ခြေလက်များကို ချည်နှောင်ထားမှန်းသတိထားမိပုံပေါ်လေသည် ။
" ဟင် ! ဒီ ဒီမှာ ဘာလို့ ကျွန်တော့်ကို ချည်ထားတာလဲ "
" မင်းက ငါ့အတွက် အန္တရာယ်ရှိလို့ပေါ့ "
" ကျွန်တော်က ခင်ဗျားကို ဘာလုပ်နိုင်မှာမို့လို့လဲ "
" မင်းက သူလျှိုဖြစ်နိုင်တယ်လေ "
" ခင်ဗျားမျက်နှာကိုတောင်မမြင်ဖူးတာ သူလျှိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ပြီးတော့ ခင်ဗျားကရော အဲ့လောက်ရန်သူတွေများလို့လား "
VOCÊ ESTÁ LENDO
FanficUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...